A d v e r t i s e m e n t With Us

ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ်

ဒဂုံမြို့​သစ် အ​ရှေ့​ပိုင်း​က ဝန်ထမ်း​တွေအတွက် ​နေရာချထား​ပေး​တဲ့​ အိမ်ယာ​တွေ ဖယ်ရှား​ခိုင်း​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက ပြန်လည်သုံး​သပ် ​ဆောင်ရွက်​တော့​မယ်လို့​သိရပါတယ်။ ဝန်ထမ်း​တွေကို ချ​ပေး​ထား​တဲ့​ ​မြေကွက်​ပေါင်း​ (၈) ​ထောင်​ကျော်ကို အိုး​အိမ်ဦး​စီး​ဌာနက ဒီလကုန်အပြီး​ ဖယ်ရှား​ခိုင်း​နေတဲ့​အ​ကြောင်း​ မတ်လ ၁၅ ရက်က ကျင်း​ပတဲ့​လွှတ်​တော်မှာ အမျိုး​သား​ဒီမိုက​ရေစီအင် အား​စုပါတီက အလုံမြို့​နယ် ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ် ဦး​ခိုင်​မောင်ရီက ​မေး​ခွန်း​ ထုတ်ခဲ့​ပါတယ်။ အဲဒီ​မေး​ခွန်း​ကို သက်ဆိုင်ရာဝန်ကြီး​က ပြန်လည် ​ဖြေကြား​ပြီး​တဲ့​နောက် လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ ​ရွှေမန်း​က ​မြေကွက်​တွေ ဖယ်ရှား​ပေး​ရမယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ​မြေကွက်ပိုင်ရှင်​တွေ နစ်နာ​နေတာကို သက်​သေ အ​ထောက်အထား​တွေနဲ့​ သူ့​ထံအမြန်တင်ဖို့​ ​ပြောကြား​ခဲ့​ပါတယ်။ ဦး​ခိုင်​မောင်ရီက “လွှတ်​တော်ဥက္ကဋ္ဌရဲ့​ ​ဆောင်ရွက်ချက်က ပြည်သူ​တွေ မဖြစ်သင့်​ မဖြစ်ထိုက် တာ​တွေကို မဖြစ်​အောင်၊​ ပြည်သူလူထု မနစ်နာ​အောင် ကာကွယ်သွား​မယ်လို့​ ကျ​နော်က ယုံကြည်ပါတယ်။ လွှတ်​တော်ဥက္ကဋ္ဌက သူဆက်လက်​ဆောင်ရွက်ရန် ကျ​နော်ကို လုပ်ခိုင်း​တဲ့​အခါမှာ ကျ​နော်လုပ်ငန်း​ကို ကုန်​အောင် လုပ်ပြီး​သွား​ပြီ ဖြစ်တယ်။ လွှတ်​တော်ဥက္ကဋ္ဌလည်း​ ဒီ​နေ့​ ဆက်လက် ​ဆောင်ရွက်ပြီဆိုတာ သိရတဲ့​ အတွက် အ​ဖြေကို ဒီရက်ပိုင်း​အတွင်း​ ထွက်လာမယ်လို့​ ကျ​နော်က​တော့​ တထစ်ချ ယုံကြည်တယ်။” ဒဂုံမြို့​သစ်အ​ရှေ့​ပိုင်း​က ​ပြောင်း​ရွှေ့​ခံရမယ့်​ ရပ်ကွက်​တွေထဲမှာ ၁၂၁၊​ ၁၂၂၊​ ၁၂၃၊​ ၁၂၆၊​ ၁၂၇၊​ ၁၂၈၊​ ၁၂၉၊​ ၁၅၇၊​ ၁၅၈၊​ ၁၅၉၊​ ၁၆၀ ရပ်ကွက်က လူ​နေအိမ်​မြေကွက်​တွေ ပါဝင်တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up