DVB Logo
Home
မြန်မာသတင်း
တံတားနီနေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပ
DVB
·
March 16, 2012
တံတားနီနေ့  ရန်ကုန်မှာ ပထမဆုံးအကြိမ်  ကျင်းပ
Donate to DVB

မြန်မာနိုင်ငံမှာ ၈လေးလုံး လူထု အရေးတော်ပုံကြီးကို စတင်စေခဲ့တဲ့   ဖြစ်ရပ်တွေထဲက တခုဖြစ်တဲ့ ကျောင်းသားလှုပ်ရှားမှု အကြမ်းဖက် နှိမ်နင်းခံခဲ့ရတဲ့ တံတားနီနေ့အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မှာ ပထမဆုံးအကြိမ် ဒီကနေ့ တရားဝင် ကျင်းပပါတယ်။

[caption id="attachment_22702" align="alignleft" width="300" caption="တံတားနီ နှစ်ပတ်လည် အခမ်းအနားကို တတ်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်"][/caption]

တံတားနီနေ့  ၂၄ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့  အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ဒို့ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပတာဖြစ်ပြီး ဗကသ ကျောင်းသား လူငယ်များလည်း တက်ရောက်ခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်နဲ့  မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လည်း တက်ရောက်ခဲ့ပါတယ်။ နောင် မျိုးဆက်သစ်တွေကို အရင် ကျောင်းသားဟောင်းတွေရဲ့ လှုပ်ရှားမှုတွေ၊  အတွေ့အကြုံတွေကို ဖြန့်ဝေပေးတဲ့အနေနဲ့ ဒီနေ့ တံတားနီနေ့ အခမ်းအနားကို ကျင်းပတာ ဖြစ်တယ်လို့ တံတားနီ အောင်သူလို့ လူသိများခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ် ၁၆ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ လှိုင်နယ်မြေ အာရ်စီတူးကနေ ချီတက်လာတဲ့ ကျောင်းသားတွေကို စစ်တပ်က ဒု - တိုင်းမှူး အဆင့်ရှိ အရာရှိက အထက်နဲ့ ညှိနှိုင်းမယ်။ ခေတ္တငြိမ်သက်ပေးရန် ပြောဆိုပြီး စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေကို ၀င်ရောက် ရိုက်နှက်ခဲ့တဲ့ လိမ်လည်လှည့်ဖျားတဲ့ ဖြစ်ရပ်မျိုး ယနေ့ခေတ်မှာ မရှိစေချင်တော့ ဘူးလို့ ဆိုပါတယ်။

“အစိုးရတရပ်အနေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ရိုးရိုး သားသား သန့်သန့် ရှင်းရှင်း နဲ့ ဆွေးနွေးပွဲတွေကို ဖြစ်မြောက်အောင် ဖြစ်စေချင်တယ်။ ဥပမာ-တိုင်းရင်းသား အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက ဆွေးနွေးတဲ့ နေရာမှာ ရိုးသားဖြူစင်တဲ့ စိတ်နဲ့ဆွေးနွေးစေချင်တယ်။ အဲဒီ အသိလေး ရအောင်လည်း ကျနော်တို့ပေးပါတယ်။”

ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် ပါမောက္ခချုပ်ဒေါက်တာချစ်ဆွေ က ကျောင်းသားခေါင်းဆောင်တွေ အဖမ်းမခံရအောင် အာမခံခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝ အရောက်မှာ ကျောင်းသားတွေကို ဖမ်းခိုင်းခဲ့တဲ့ ဖြစ်ရပ်တွေက ရာထူး၊ အာဏာ တည်မြဲရေးအတွက် အာဏာရှင်ဆိုးကို သိက္ခာပုံအော ပေးအပ်တဲ့ မလုပ်သင့်တဲ့ ဖြစ်ရပ်တွေဟာ လက်ရှိမှာ မရှိသင့်တော့ဘူးလို့ ၈၈ ကျောင်းသားတွေက အခမ်းအနားမှာပြောပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့  ဒေါ်အောင်ဆန်းစုကြည်ကလည်း တံတားနီ ဖြစ်စဉ် ကာလမှာ ပါဝင် လှုပ်ရှားခဲ့သူတွေရဲ့ သစ္စာတရားကို ဂုဏ်ပြုလိုတဲ့အတွက် အခမ်းအနားကို တက်ရောက် လာတာလို့ ပြောကြား သွားပါတယ်။

အခမ်းအနားမှာ ကိုဖုန်းမော် ကျဆုံးခဲ့ပြီးနောက် တံတားနီ အရေးအခင်း ဖြစ်ပေါ်လာပုံတွေ ကို ကျောင်းသား ခေါင်းဆောင်တွေက ပြန်ပြောင်း ဟောပြောခဲ့ပြီး ဖယောင်းတိုင် မီးထွန်းပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ပြေငြိမ်းဖို့ ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013