DVB Logo
Home
မြန်မာသတင်း
ရေပိုင်နက်အမှု ရှုံး​နိမ့်​မှု တရား​မျှတဟု မြန်မာအစိုး​ရ​ကြေညာ
DVB
·
March 16, 2012
Donate to DVB

မြန်မာ- ဘင်္ဂလား​ဒေ့​ရှ် နှစ်နိုင်ငံ ပင်လယ် ​ရေပိုင်နက် နယ်နိမိတ် အငြင်း​ပွား​မှုကို ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာခုံရုံး​ (ITLOS)က တရား​မျှတစွာ ​ဆောင်ရွက်ခဲ့​တဲ့​ အတွက် ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ပြီး​ ဖြစ်​ကြောင်း​ မြန်မာအစိုး​ရက နိုင်ငံပိုင် သတင်း​စာက​နေ ​ကြေညာလိုက်ပါတယ်။

ခုံရုံး​က သတ်မှတ်​ပေး​လိုက်တဲ့​ နယ်နိမိတ် သတ်မှတ်ချက်​တွေအရ မြန်မာ အစိုး​ရနဲ့​ နိုင်ငံတကာ ​ရေနံကုမ္ပဏီ​တွေ ပူး​ပေါင်း​ လုပ်ကိုင်​နေတဲ့​ ကမ်း​လွန် လုပ်ကွက်​တွေကိုလည်း​ ထိခိုက်မှု မရှိတဲ့​အတွက် လုပ်ငန်း​တွေကို အရှိန်အဟုန် မပျက် ဆက်လက် လုပ်ကိုင်သွား​မယ့်​ အ​ကြောင်း​လည်း​ သတင်း​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ဂျာမနီနိုင်ငံ ဟမ်း​ဘတ်မြို့​ အ​ခြေစိုက် ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး​ (ITLOS)ဟာ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ်နဲ့​ မြန်မာ အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ် အကြား​ ၂၁၅ ဒီဂရီ က​နေ နယ်နိမိတ် အသစ် အဖြစ် မတ်လ ၁၄ ရက်​နေ့​မှာ အပြီး​သတ် စီရင်ချက် ချမှတ် ပိုင်း​ခြား​ သတ်မှတ် ​ပေး​ခဲ့​တာ ဖြစ်ပါတယ်။

တရား​ရုံး​ ဆုံး​ဖြတ်ချက်အရ ဘင်္ဂလား​ဒေ့​ရှ်ဘက်က ​တောင်း​ဆိုထား​တဲ့​အတိုင်း​ ​ရေမိုင် ၂၀၀ အထိ ပိုင်ဆိုင်ခွင့်​ရရှိခဲ့​တာ ဖြစ်ပါတယ်။

ဒီ​ရေပိုင်နက်ပြဿနာ အမှုရင်ဆိုင်ဖို့​ မြန်မာအစိုး​ရက ​ရှေ့​နေချုပ် ​ဒေါက်တာထွန်း​ရှင်နဲ့​ နိုင်ငံခြား​ရေး​ဌာနက ဒု-ညွှန်ချုပ် ​ဒေါ်လှမျိုး​နွယ်တို့​ကို ​စေလွှတ်ခဲ့​ပြီး​ နှစ်နိုင်ငံစလုံး​က နိုင်ငံတကာ​ရှေ့​နေ​တွေနဲ့​ တိုင်း​တာ​ရေး​ ပညာရှင်​တွေ ငှား​ရမ်း​ ​ဆောင်ရွက်ခဲ့​တာပါ။

နှစ်နိုင်ငံ ​ရေပိုင်နက် အငြင်း​ပွား​မှုဟာ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်​ငွေ့​ရှာ​ဖွေခွင့်​ ရရှိထား​တဲ့​ ​ဒေဝူး​ကုမ္ပဏီက ရခိုင်ကမ်း​လွန်ပင်လယ်ပြင်မှာ ​ရေနံရှာ​ဖွေ​ရေး​လုပ်ငန်း​တွေ စတင်လုပ်​ဆောင်ရာက စတင်ခဲ့​တာပါ။

ရေနံရှာသ​င်္ဘော​တွေနဲ့​ အတူ မြန်မာ​ရေတပ် သ​င်္ဘောတချို့​ အငြင်း​ပွား​ဖွယ် ​ရေပိုင်နက်အတွင်း​ ဝင်​ရောက်လာခဲ့​တဲ့​အတွက်လည်း​ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက မြန်မာသံအမတ်ကို ဆင့်​ခေါ် ကန့်​ကွက်မှု​တွေလည်း​ ပြုလုပ်ခဲ့​ဖူး​ပါတယ်။

ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက​တော့​ နိုင်ငံတကာ တရား​ရုံး​ ဆုံး​ဖြတ်ချက်နဲ့​ ပတ်သက်ပြီး​ ​အောင်မြင်မှုတရပ်အဖြစ် နိုင်ငံပိုင် မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။ မြန်မာအစိုး​ရက​တော့​ တရား​မျှတစွာ ဆုံး​ဖြတ်ခဲ့​မှုအတွက် အစိုး​ရနဲ့​ပြည်သူ​တွေက ​လေး​စား​ချီး​ကျုး​ ဂုဏ်ပြုလျက်ရှိကြပြီး​ စီရင်ချက်ရလဒ်ကို ​ကျေနပ်လက်ခံတယ်လို့​ ဒီ​နေ့​ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ အချပ်ပိုထုတ်ပြီး​ အကျယ်တဝင့်​ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013