Home
မြန်မာသတင်း
ဝမ်းတွင်းတွင် စိတ်ကြွဆေးပြား ကျပ် ၉ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
September 2, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်-၂ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီခွဲက စိတ်ကြွဆေးပြား ကျပ် ၉ သိန်းကျော်ဖိုး ဖမ်းမိတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုင်းမှုခင်း အကူရဲတပ်ဖွဲ့က ရဲအုပ်သန်းဝင်းနဲ့ ဝမ်းတွင်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်သေများစောင့်နေချိန်မှာ တင်မျိုးအေး(ခ) တိုးလေး မောင်းလာတဲ့ဆိုင်ကယ်ကိုတားပြီး ရှာဖွေရာ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၆ ပြား အလေးချိန် ၁၈ ဒသမ၆ ဂရမ်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်အောင်ကိုဝင်းက “တိုးလေးက ဝမ်းတွင်းမြို့ အမှတ် ၂ ရပ်ကွက်မှာ နေတယ်၊ ကာလတန်ဖိုး ၉ သိန်း ၃ သောင်း ဈေးသင့်တယ်၊ လွန်ခဲ့တဲ့ ၁ လလောက်က ကွတ်ခိုင်မြို့နယ်ဘက်က ဆေးပြား ၂၀၀ တထုပ်ကို တသိန်းနဲ့ ဝယ်ခဲ့တယ်လို့ ထွက်ဆိုတယ်၊ ကွင်းဆက်တရားခံကို အမြန်ဆုံး ဖမ်းမိနိုင်ရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ တင်မျိုးဝင်း(ခ)တိုးလေးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဥပဒေ သုံးစွဲမှု၊ လက်ဝယ်ထားမှု၊ ရောင်းချမှု၊ ဖြန့်ဖြူးမှု ပုဒ်မ-၁၅/၁၆(ဂ)/၁၉ (က)/၂၁ တို့အနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024