မြန်မာစစ်သင်္ဘော ၂ စီး ဗီယက်နမ်ကို ပထမဆုံးအကြိမ် ရောက်ရှိ

8K
မြန်မာရေတပ်မတော်က စစ်ရေယာဉ် ၂ စီးဟာ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ဆိပ်ကမ်းကို သင်္ဘော လွန်းတင်ဖို့ ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိနေပါတယ်။
အရှည် ၁၀၃ မီတာရှိတဲ့ F21 မဟာဗန္ဒုလစစ်သင်္ဘော နဲ့ F23 မဟာသီဟသူရ စစ်သင်္ဘော တို့  ဗီယက်နမ်ကို ရောက်ရှိနေတာ ဖြစ်ပြီးတော့ ရေယာဉ် ၁ စီးစီမှာ ရေတပ်သား ၁၂၃ ဦး ပါဝင် ပါတယ်လို့ ဗီယက်နမ် နိုင်ငံထုတ် သတင်းတွေ မှာ ဖော်ပြထား ပါတယ်။
မြန်မာ ရေတပ်မတော် အရာရှိတွေဟာ မကြာခင် ရက်ပိုင်း အတွင်းမှာ ဒါနန်မြို့ ဗီယက်နမ် ပြည်သူ့ ကော်မတီက ခေါင်းဆောင်တွေ၊ ဗီယက်နမ် နိုင်ငံ အမှတ် ၃ ရေတပ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
မြန်မာ ရေတပ်မတော်က ရေယာဉ်တွေ ဗီယက်နမ်ကို ပထမဦးဆုံး အကြိမ် အဖြစ် ရောက်ရှိတာ ဖြစ်ပြီး ပထမဦးဆုံး အကြိမ် ဗီယက်နမ်မှာ သင်္ဘော လွန်းတင်တာ လည်း ဖြစ်ပါတယ်။