Thursday, June 8, 2023
HomeLead Storyမိုးညှင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄ သိန်းဖိုး ဖမ်းဆီးရမိ

မိုးညှင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄ သိန်းဖိုး ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မော်ဟန်ကျေးရွာ နမ္မချီမှော်သွားလမ်းမှာ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ကာလတန်ဖိုးကျပ် ၁၁၄ သိန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ မော်ဟန်ရဲကင်းစခန်းက ရဲအုပ်စိုးဝင်းနဲ့ တပ်ဖွဲ့ဝင်တွေ၊ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေချိန် နမ္မချီမှော်ကနေ မော်ဟန်ကျေးရွာကို လမ်းလျှောက်လာသူ စိုးဝင်းကို စစ်ဆေးရာ စိတ်ကြွဆေးပြား လို့ယူဆရတဲ့ ပန်းရောင်ဆေးပြား ၂၀၀ ပြားစီပါ ၁၉ ထုပ်၊ စုစုပေါင်း ၃၈၀၀ ပြား၊ ကာလတန်ဖိုး ၁၁၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့က အမည်မသိ ကချင်အမျိုးသား တဦးဆီက ဆေးပြား ၁၉ ထုပ်ကို သိန်း ၁၀၀ ဖိုးနဲ့ ၀ယ်ယူခဲ့ပြီး သုံးစွဲဖို့နဲ့ ပြန်လည်ရောင်းချဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒုရဲအုပ်ဆန်းအောင်ထူး(မော်ဟန်)က တရားလိုပြုလုပ်ပြီး စိုးဝင်းကို ပုဒ်မ-မူး/စိတ် ပုဒ်မ-၁၅/၁၉(က) နဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular