DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေ နိုင်ငံတကာ စံနှုန်းနှင့်မညီ
DVB
·
March 16, 2012
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေ နိုင်ငံတကာ စံနှုန်းနှင့်မညီ
1 / 4
Donate to DVB

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုတဲ့ မြန်မာ ဥပဒေသစ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်ခြင်း မရှိဘူးလို့  လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြောကြား လိုက်ပါတယ်။

[caption id="attachment_22680" align="alignleft" width="300" caption="အာရှဒေသ ညွှန်ကြားရေးမှူး ဘရက်ဒ်အဒမ်စ်"][/caption]

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေသစ်ဟာ အရင်က ဆန္ဒပြခွင့် မပေးဘဲ တားမြစ်ထားတာကို ပယ်ဖျက် လိုက် တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လှည့်ဖြားလို့ ရအောင် အစိုးရကို ခွင့်ပြုထားဆဲပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှဒေသ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ “ဒီနေ့မှာ မြန်မာပြည် ပြောင်းလဲတာနဲ့ ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အရင်က မရှိခဲ့တဲ့ လွတ်လပ်မှုတွေကို ခွင့်ပြုရုံနဲ့  အစိုးရကို ယုံကြည်မှု မပေးသင့်သေးပါဘူး။ အဲဒီ့ အစား ဥပဒေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ဖိအားပေးသင့်ပါတယ်။”

ဒီဇင်ဘာလက သမ္မတက အတည်ပြု ပြဌာန်းထားတဲ့ ဒီဥပဒေဟာ ပြီးခဲ့တဲ့ နှစ်က စတင် အာဏာ လွှဲပြောင်း ရယူခဲ့တဲ့  အရပ်သား အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တွေ အနက် တခုလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေဆီကနေ ဆန္ဒပြခွင့်အတွက် ဆန္ဒပြသူတွေက ၅ ရက် ကြိုတင် ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမယ် ဆိုရင်တော့ ထောင်ဒဏ် ၁ နှစ်  ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ဖို့  ခွင့်ပြုချက် ရရှိခဲ့ရင်တောင်မှ အချက်အလက် မှားယွင်းပြီး တိုင်းပြည်ကို နစ်နာစေတဲ့ မိန့်ခွန်း တွေ ပြောကြားခဲ့ရင် ဆန္ဒပြသူတွေ အနေနဲ့ ထောင်ဒဏ် ၆ လ ကျခံရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်တွေကို ချိုးဖောက်ရင် ချမှတ်ခံရမယ့် ပြစ်ဒဏ်နဲ့ ခြိမ်းခြောက်တာတွေကို ပယ်ဖျက်ဖို့  မြန်မာ့ လွှတ်တော်ကို တိုက်တွန်းလိုက်ပြီး ဆန္ဒပြသူတွေနဲ့ ပတ်သက်ရင် အစိုးရကို ပို လုပ်ပိုင်ခွင့် ပေး ထားတဲ့ အတွက် စိုးရိမ် ပူပန်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။

“လူတွေရဲ့ အခြေခံ အခွင့်အရေးကို ခွင့်ပြုတယ်ဆိုရင်တော့ မြန်မာအစိုးရရဲ့ ဥပဒေ ပြုပြင် ပြောင်းလဲတာကို ချီးကျူးဖို့ ထိုက်တန်ပါတယ်” လို့ ဘရက်ဒ် အဒမ်စ်က  ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထု ဆန္ဒပြမှု နဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များရဲ့ မေတ္တာပို့ စီတန်း လှည့် လည်မှုတွေကို  စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ လက်ရှိ အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေ ထုတ်ပြန်ထားပြီး ဖြစ်ပေမယ့်  နည်းဥပဒေ မရှိသေးဘူး ဆိုကာ  ဆန္ဒပြပွဲတွေကို  တကယ့်လက်တွေ့ မှာ အာဏာပိုင်တွေက တရားဝင် ခွင့်ပြုခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013