ကုလလုံခြုံရေးကောင်စီတွင် ရခိုင်အရေးဆွေးနွေး၊ တရုတ်နိုင်ငံကန့်ကွက်
DVB
·
August 31, 2017
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သြဂုတ် ၃၀ ရက်က အဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ တံခါးပိတ်ဆွေးနွေးခဲ့ကြတယ်လို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အားလုံးက ရှုတ်ချတဲ့အကြောင်းနဲ့ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ချဖို့ တောင်းဆိုတယ်လို့ ဗြိတိသျှသံ အမတ်ကြီး မက်သရူး ရိုင်းခရော့ဖ် က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ခုလိုဆွေးနွေးပွဲကျင်းပဖို့ကို ဗြိတိန်က ပန်ကြားခဲ့တာဖြစ်ပြီး တရုတ်က အပြင်းအထန်ကန့်ကွက်ခဲ့တယ်လို့ သံတမန်တွေကပြောပါတယ်။
ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိ ပါဘူး။