DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story သတင်း

ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး အကျဉ်းထောင်တွင်း တိုက်ပိတ်ခံနေရ

  • By နော်နိုရင်း
  • 30 August 2017
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲခံထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင် ဦးမင်းဌေးဟာ  ဗန်းမော်အကျဉ်းထောင်တွင်းမှာ တိုက်ပိတ်ခံနေရပါတယ်။

ထောင်တွင်းမှာလည်း တိုက်ပိတ်ခံထားရပေမယ့် အချိန်နဲ့ထွက်ခွင့်ရပြီး သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြားတော့ ကြည့်ခွင့်ရတယ်လို့ ဒီကနေ့ တရားရုံးထုတ်စဉ် ဦးမင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ထောင်ထဲမှာတော့တိုက်ထဲမှာ တိုက်ပိတ်ထားတာပေါ့နော်။ တိုက်ထဲမှာပဲနေရတယ်။ ထောင်စည်းကမ်းအတိုင်းပဲနေရတာပေါ့။ မနက် ၆ နာရီဆိုရင်မှာ ဖွင့်တယ်။ ၁၁ နာရီခွဲမှာ၏ ပြန်ပိတ်တယ်။ အထဲထဲမှာ ပြန်ပြီးတံခါးပြန်ပိတ်တယ်။ ပြီးရင် နေ့လည် ၂ နာရီဆိုပြန်ဖွင့်တယ်။ ညနေ ၅ နာရီခွဲဆိုပြန်ပိတ်ပေါ့။ ဒီလိုမျိုးပဲပေါ့။ ခဏထွက်ရတယ်ဆိုတာ ရေချိုးဖို့ဘာဖို့ပေါ့ ကျန်တဲ့အချိန် ကိုယ့်အခန်းထဲမှာပဲ ကိုယ်နေရတယ်။  ဂျာနယ်တွေဘာတွေ သွင်းခွင့်ရှိတယ်။ ဖွင့်တဲ့အချိန်တွေမှာတော့တခြားအဆောင်တွေမှာ မြန်မာတီဗွီတို့ဘာတို့ သတင်းတွေကြည့်လို့ရ တာပေါ့။  ”

ဦးမင်းဌေးရဲ့အမှုကို မိုးမောက်မြို့နယ် တရားရုံးမှာ ဒီကနေ့ ၂၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးကာ လာမယ့် စက်တင်ဘာ  ၁ ရက်နေ့ အမိန့်ချမှတ်မှာဖြစ်တယ်လို့ ဦးမင်းဌေးရဲ့ ဇနီး ဒေါ်နန်းယဉ်ကပြောပါတယ်။

“ရုံးချိန်းကတော့ နှစ်ဖက်ရှေ့နေအပြန်အလှန်လျှောက်လဲတာပေါ့နော်။ ၅ မိနစ်လောက်ပါပဲ။ အစိုးရရှေ့နေကတော့ ကိုမင်းဌေးက ပြစ်မှုကျူးလွန်တယ်၊ အပြစ်ချသင့်တယ်ပေါ့နော်။ ကေအိုင်အေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ဥစ္စာအပေါ်မှာ ပြောတယ်။ ကိုယ့်ဘက်က ရှေ့နေကတော့ ကိုမင်းဌေးဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ဘာမှတွေ့ရတာမရှိဘူး။ အန်စီအေမှာလည်း ABSDFက လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ ပြီးတော့ ကိုမင်းဌေး ကိုယ်တိုင်လည်း ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ ကိုယ်စားလှယ်တယောက် ဖြစ်တယ်ဆိုတော့ အပြစ်မရှိဘူးပေါ့နော်။ လွှတ်ပေးသင့်တယ်ဆိုတာ ပြောတယ်။ အဲဒါပဲ ခဏပြောပြီးတော့မှ အပြီးသတ်ဆုံးဖြတ်ချက်ကို ၁ ရက်နေ့ ချမယ်ဆိုပြီးတော့မှ ပြောတယ်။”

တရားစွဲဆိုခံရသူ ဦးမင်းဌေးကတော့ တရားရုံးက ဘယ်လို အမိန့်ချမယ်ဆိုတာ မသိပေမယ့် သူ့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကေအိုင်အေဟာ မတရားအသင်း ဖြစ်တယ်ဆိုတာက ဘယ်သူက ကြေညာထားမှန်း လည်း မသိဘူး။ ဘယ်ဥပဒေမှာ ပြဋ္ဌာန်းထားမှန်းလည်း မသိတဲ့ဟာမျိုးပေါ့နော်။ အနေအထားကတော့ သံသယနဲ့စွဲတယ်။ ဒါပေမယ့် အသွင်ကူးပြောင်းရေးကာလမှာတော့ စိတ်ရှည်ရှည်ထားပြီးမှ တရားဥပဒေစိုးမိုးရေးကိုပဲ အဓိက ထားပြီးမှ လိုက်ပါဆောင်ရွက်ရတာပေါ့။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံးမျှော်လင့်တာကတော့ အပြစ်မရှိဘူး။ ဥပဒေလမ်းကြောင်းအရ သက်သေထွက်ချက်တွေက ခိုင်လုံမှုတွေ ဘာမှမရှိတဲ့အတွက် တရားရုံးအနေနဲ့ကတော့ သူ မှန်မှန်ကန်ကန် နောက်ဆုံး လျှောက်လဲချက်တွေပေါ်မှာ လုပ်တယ်ဆိုရင်တော့ အပြီးသတ် ပြန်လည်လွှတ်ပေးရမယ့်ဟာပေါ့။ ဒါပေမယ့် ဘယ်လို ဆုံးဖြတ်မယ်၊ ဘယ်လို အမိန့်ချမယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။”

တရားစွဲခံရမှုအတွင်း  တရားလိုဘက်က သက်သေ ၉ ဦးနဲ့ စွပ်စွဲခံရသူဘက်က သက်သေ ၂ ဦးတို့ တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

ဦးမင်းဌေးဟာ ပြီးခဲ့နှစ်ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော်–လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ခုဆိုရင် ဖမ်းဆီးခံထားရတာ ရက်ပေါင်း  ၂၄၈ ရက်ရှိပြီ ဖြစ်ပါတယ်။

Tags: ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးအကျဉ်းထောင်တွင်း တိုက်ပိတ်ခံနေရ

  • Previous story လားရှိုးမြို့တွင် A(H1N1) ရာသီတုပ်ကွေးလူနာ ၁ ဦးတွေ့ရှိ
  • Next story လိပ်ကျွန်းလူသတ်မှုတွင် ဗြိတိန်ရဲဌာန ဥပဒေချိုးဖောက် စွက်ဖက်ခဲ့ဟု လန်ဒန်ဗဟိုတရားရုံး ပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.