DVB Logo
Home
မြန်မာသတင်း
ဝန်းသိုရွာသား ၁၀၀ ကျော် ရဲစခန်းကိုသွားရောက် တောင်းဆို
DVB
·
March 15, 2012
Donate to DVB

စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ်ရဲစခန်းမှာ ဖမ်းထားတဲ့  လူငယ်တဦးကို လွှတ်ပေးဖို့ ဇီးဖြူပင် ကျေးရွာက ရွာသာ ၁၀၀ ကျော်ဟာ ရဲစခန်းမှာ သွားရောက် တောင်းဆိုခဲ့   ကြပါတယ်။

မတ် ၉ရက်နေ့ ရွာဘုရားပွဲက အပြန် လမ်းမှာ အသက် ၁၇ နှစ် အရွယ် လူငယ် တဦး သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇီးဖြူပင် ရွာသား လူငယ် ကိုအောင်လင်းကို ရဲက ဖမ်းဆီးထားတဲ့ အပေါ် သွားရောက် တောင်းဆိုခဲ့ကြတာပါ။

ရွာက ဦးပဉ္စင်း ၄ ပါး အပါအ၀င် ရွာသား ၁၀၀ ကျော်က ၁၃ ရက် နေ့ မနက်က ပြန်လည် လွှတ်ပေးဖို့ အာမခံဖို့ သွားခဲ့ကြတာပါ။

ရွာသားတဦးက “သူက ပွဲတွေလည်း မသွားဘူး။ အိမ်မှာပဲ နေတယ်။ အဲဒီအမှုနဲ့လည်း ဘာမှမပတ် သက်ဘူး။ ရွာကလူတွေက မဟုတ်တဲ့အတွက် မခံချင် ဖြစ်တာနဲ့ တရွာလုံး လိုလို သူ မလုပ်ကြောင်း အာမခံ မယ်ဆိုပြီး သွားကြတာ။ အခုတော့ မလွှတ်သေး ဘူး။ သူတို့ စစ်ချက် ယူစရာ ရှိသေးတယ်ဆိုပြီး အချုပ်ခန်းထဲ ထားတုန်းပဲ။” လို့ ပြောပါတယ်။

သေဆုံးသူ လူငယ်ဟာ မူးယစ်ဆေးဝါး သုံးစွဲရာက သေဆုံးတာလို့ ဆေးစစ်ချက် ကဖော်ပြကြောင်း ကြားတယ်လို့ ရွာသားက ပြောပါတယ်။

ရွာသားတွေနဲ့ ဘုန်းကြီးတွေဟာ ရွာကနေ မြို့ပေါ်ကို ထော်လာဂျီတွေ၊ ဆိုင်ကယ် ၊စက်ဘီးတွေနဲ့ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင် လိုက်ပါခဲ့တဲ့ ဦးပဉ္စင်းက ရဲကို ဒီလူငယ်ကို လူသေမှုနဲ့ ဖမ်းထားတာ ဖြစ်တဲ့ အကြောင်းနဲ့ ဖမ်းခံထားရသူ လူငယ်ဟာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ လူငယ်ဖြစ် တာကြောင့် သွားရောက် အာမခံ တာလို့ မိန့်သွားပါတယ်။

“အာမခံ လက်မှတ် ထိုးဖို့ သွားကြတယ်။ စခန်းမှူးက ခုလောလော ဆယ် မလိုသေးဘူး လို့ ပြောတယ်။ စွပ်စွဲခံရတဲ့သူက တောင်ယာအလုပ်ပဲ လုပ်ကိုင်စားသောက်နေတာပါ။ ရဲစခန်းကတော့ ဒီ ၁ရက် ၂ရက် အတွင်း အဆင်ပြေအောင် လုပ်ပေးမယ် ပြောတယ်။”

ဒီအမှုနဲ့ ပတ်သက်ပြီး ၀န်းသို ရဲစခန်းကိုတော့ ဆက်သွယ်လို့ မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013