Sunday, May 28, 2023
HomeLead Storyပေါင်မြို့ တရုတ်ဘုံကျောင်းအတွင်း စိတ်​ကြွ​ဆေးပြား ရောင်းချသူ ဖမ်းဆီးရမိ

ပေါင်မြို့ တရုတ်ဘုံကျောင်းအတွင်း စိတ်​ကြွ​ဆေးပြား ရောင်းချသူ ဖမ်းဆီးရမိ

ပေါင်မြို့နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်ရှိ တရုတ်ဘုံကျောင်းဝင်းထဲမှာ နေထိုင်တဲ့ အမျိုးသားတဦးဆီက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သြဂုတ် ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ထန်းပင်ချောင်ကြီး ရဲကင်းစခန်းမှ ရဲအုပ်မြင့်ဌေးက “အရင်ဆုံး ကျနော်တို့ သတင်းပေးကို သွားဝယ်ခိုင်းတာပါ။ ပြီးမှအဖွဲ့တွေ ပေါင်းပြီး အိမ်ရှာဖွေခွင့် ဝရမ်းနဲ့ ဝင်ရှာပြီး ဖမ်းမိတာပါ”လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ပေါင်မြို့၊ ကဒါရပ်ကွက်၊ မင်းလမ်းရှိ တရုတ်ဘုံကျောင်းဝင်းထဲမှာ နေထိုင်တဲ့ စိန်လွင်လေး(ခ)မောင်နီ (၄၈-နှစ်) နေအိမ်ကို သြဂုတ် ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီက ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် ၃/၂၀၁၇ နဲ့ ဝင်ရောက်ရှာဖွေခဲ့တာပါ။

ရှာဖွေရာမှာ စိန်လွင်လေး ဆိုသူရဲ့ အိပ်ရာဘေး ဗီရိုအောက်ခြေ အံခွက်ထဲမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြား၊ အလေးချိန် ၆ ဒသမ ၅ ဂရမ်နဲ့ အမည်းရောင် ကြွပ်ကြွပ်အိတ်အပိုင်းနဲ့ ပတ်ထားတဲ့ R စာလုံးပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ အလေးချိန် ၀ ဒသမ ၂ ဂရမ်၊ စုစုပေါင်းကာလတန်ဖိုး ၃၃၅၀၀၀ ကျပ်နဲ့အတူ ငွေစက္ကူရောရာ ၆၁၃၀၀ ကျပ်ကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

စိန်လွင်လေးကို စစ်ဆေးရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာမှာ နေထိုင်တဲ့ ဦးသာပုဆီက လွန်ခဲ့တဲ့ ၃ လလောက်က တဆင့်ပြန်လည်ရောင်းချဖို့ ဝယ်ယူလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါင်မြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ စိန်လွင်လေး(ခ)မောင်နီနဲ့ မူးယစ်ဆေးဝါး ရောင်းချသူ ဦးသာပုတို့နှစ်ဦးကို မူး/စိတ်ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
သတင်း – ယူမင်းစိုး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular