Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွား
DVB
·
August 28, 2017
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာမှာ သြဂုတ် ၂၇ ရက် မနက် ၁၁ နာရီ ၄၀ မိနစ် လောက်က နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြေနီတောင်ကျေးရွာမှာ ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ ဦးခင်မောင်ကြည်(ခ)ဦးခေါင်းကြီးရဲ့  အုတ်ကြွပ်မိုး RC နှစ်ထပ်တိုက်နေအိမ်အပေါ်ထပ်ရှိ ဘုရားခန်းမှာ ဘုရားမီးပူဇော်ထားတဲ့ ဖယောင်းတိုင်မီးက တဆင့် နံရံအနီးရှိ ဘုရားပုံတော်တွေနဲ့ ဘုရားစင် သစ်သားပြားက တဆင့် နေအိမ်အပေါ်ထပ်မှာ သိုလှောင်ထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းခဲ့ ပြီး ၁၂ သိန်းဖိုးလောက် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ရာနေရာကို ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသူ/သား တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ ကံမော်ရဲစခန်းက မီးပေါ့ဆသူ အိမ်ရှင် ဦးခင်မောင်ကြည်(ခ)ဦးခေါင်းကြီး ကို ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024