နှစ်ငါးဆယ်အတွင်း အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်း တက္ကဆက်ပြည်နယ်တွင် တိုက်ခတ်

ဓာတ်ပုံ - ရိုက်တာ
နှစ် ၅၀ အတွင်း အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ကို သြဂုတ် ၂၆ ရက်မှာ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းဟာ တနာရီ မိုင် ၁၃၀ နှုန်းနဲ့ တိုက်ခတ်ဖွယ်ရှိကာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဟာဗေးလို့ အမည်ပေးထားတဲ့ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး ဒီမုန်တိုင်း စတင်ဝင်ရောက်ခဲ့တဲ့ တက္ကဆက်ပြည်နယ်က လူ လေးပုံတပုံလောက်ဟာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ တက္ကဆက် ပြည်သူ့ဝန်ဆောင်မှု ကုမ္ပဏီတွေက ပြောပါတယ်။ ဒီမုန်တိုင်းရဲ့အဆင့်ကို သြဂုတ် ၂၆ ရက်နေ့က အဆင့် ၁ အထိလျေ့ချခဲ့ပြီး လေတိုက်နှုန်း ပြင်းအားအဆင့် သတ်မှတ်ချက်ကိုလည်း ဆက်လက်လျော့ချသွားဖွယ်ရှိတယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။

More News
Up