Saturday, June 10, 2023
HomeLead Storyအမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်သွားသည့် ဥမင်တခု တွေ့ရှိ

အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်သွားသည့် ဥမင်တခု တွေ့ရှိ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့မှာ သြဂုတ် ၂၆ ရက်နေ့က အမေရိကန်-မက္ကဆီကို နယ်စပ်ကို ဖြတ်သွားတဲ့ ဥမင်တခုကို နယ်ခြားစောင့် ကင်းတပ်ဖွဲ့တွေက တွေ့ရှိခဲ့ပါတယ်။

အဲဒီဥမင်ဟာ နယ်စပ်ကို တရားမဝင်ခိုးကူးဖို့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

သြဂုတ် ၂၆ ရက် မနက်အစောပိုင်းမှာ နယ်ခြားစောင့်ကင်းတပ်ဖွဲ့တွေက မက္ကဆီကိုနဲ့ တရုတ်နိုင်ငံသား ၃၀ လောက်ကို နယ်စပ်က အဲဒီဥမင်နားမှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်တွေက သူတို့ကိုတွေ့လို့ သွားဖမ်းတဲ့အခါမှာ တချို့တွေက အဲဒီဥမင်ထဲ ပြန်ဝင်ပြေးကြတာကြောင့် ရဲတွေက ဥမင်ကို တွေ့ရှိခဲ့ကြတာလို့ နယ်ခြားစောင့်တပ်က ပြောပါတယ်။

အဲဒီဥမင်ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ် တီဟွာနားမြို့က အဆောက်အဦတခုကနေ စတင်လာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတီဗွီက ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီဥမင် ဘယ်လောက်ရှည်တယ် ဆိုတာကိုတော့ အာဏာပိုင်တွေက အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular