Thursday, June 8, 2023
HomeLead Storyမုန်တိုင်းနှင့်အတူ မိကျောင်းကြီးများ လမ်းမပေါ်ရောက်ရှိလာ၍ ဒေသခံများ ထိတ်လန့်

မုန်တိုင်းနှင့်အတူ မိကျောင်းကြီးများ လမ်းမပေါ်ရောက်ရှိလာ၍ ဒေသခံများ ထိတ်လန့်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ တိုက်ခိုက်သွားတဲ့ ဟာဗေးဟာရီကိန်း မုန်တိုင်းကြောင်း မိကျောင်းကြီးတွေ ကားအောက်နဲ့ အိမ်အပြင်ဘက်တွေ ရောက်ရှိနေလို့ လူတွေ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ဆယ်စုနှစ်အတွင်း တက္ကဆက်ပြည်နယ်မှာ အင်အားအပြင်းဆုံးမုန်တိုင်း တိုက်ခိုက်ခဲ့လို့ ဖို့တ်ဘန်းကောင်တီ အာဏာပိုင်ရုံးကနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းက ၁ နာရီ မိုင် ၁၃၀ နှုန်းနဲ့ တိုက်ခိုက်ခဲ့လို့ သစ်ပင်တွေ အမြစ်မှ ကျွတ်ထွက်၊ အဆောက်အဦတွေ ပြိုကျကာ တက်ဆက်နဲ့ လူဝီစီရားနား ပြည်နယ်တွေမှာ လာမယ့်ရက်တွေအတွင်း ပျက်စီးမှုတွေ ပိုမိုဖြစ်မှာနဲ့အတူ လူထောင်ပေါင်းများစွာလည်း သူတို့ရဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျံနေလို့ မိကျောင်းတွေက ကုန်းမြင့်နေရာကို ရွှေ့လာမှာကြောင့်  ဒေသခံတွေ ဂရုစိုက်ကြဖို့ အာဏာပိုင်တွေက အခုအချိန်မှာ သတိပေးထားပါတယ်။

ဖို့တ်ဘန်းကောင်တီအာဏာပိုင်ရုံး (အက်ဖ်ဘီစီအက်စ်) က အိမ်အပြင် တံခါးဝနားမှာ ရောက်နေတဲ့ မိကျောင်းနဲ့ ငွေရောင်ကားအောက် ရောက်နေတဲ့ မိကျောင်းရဲ့ပုံတွေ တွီတာပေါ်မှာ တင်ပြီး မိချောင်းတွေ ရောက်ရှိနိုင်မယ့် နေရာတွေကို ဥပမာပြထားပါတယ်။

“ရေလျံတာက မိချောင်းတွေ နေရာပြောင်းရွှေ့နိုင်တယ်ဆိုတာ သတိယပါ” လို့ အက်ဖ်ဘီစီအက်စ် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

“မိကျောင်းတွေက ပိုမြင့်တဲ့ ကုန်းမြေကို ရှာဖို့ ဒါမှမဟုတ် မိုးဒဏ်ကနေ အကာအကွယ်ရဖို့ နေရာ ပြောင်းနိုင်ပါတယ်။ မိုးသည်းချိန်နဲ့ ရေကြီးရေလျံနေချိန်မှာ မိကျောင်းတွေ ခင်ဗျားတို့ အိမ်တွေ ကားတွေနား ရောက်လာတာက အစာရှာဖို့ ဒါမှမဟုတ် ခင်ဗျားတို့ကို ရန်ပြုဖို့ မဟုတ်ဘူး။ သူတို့လည်း ခင်ဗျားတို့ ကျနော်တို့လိုပဲ ဆိုးရွားတဲ့ ရာသီဥတုကနေ လွတ်အောင် ကြိုးစားတာပဲ ဖြစ်တယ်။”

“ရာသီဥတု ဆိုးရွားနေချိန်မှာ သူတို့ကို နေခွင့်ပြုလိုက်ပါ။ ရေကျသွားရင်း သူတို့လည်း ပြန်သွားကြမှာပါ။ ပေ ၃၀ အကွာမှာ နေပါ၊ နေရာ ပြောင်းရွှေ့လာတဲ့ လမ်းပျောက်နေတဲ့ မိကျောင်းတွေကို သွားရွှေ့ဖို့ ခြောက်လန့်ဖို့ မလုပ်ပါနဲ့” လို့ ကောင်တီရဲ့ အာဏာပိုင်တွေက ပြောပါတယ်။

ဟူစတန်အခြေစိုက် မိကျောင်းထိန်းသိမ်းရေး အုပ်စုမှ ခရစ္စတီက ဒေသခံတွေအနေနဲ့ မိကျောင်းတွေကို တွေ့တဲ့အခါ မချဉ်းကပ်ဖို့ အစာမကျွေးဖို့ အကြံပြုထားပါတယ်။

“မိကျောင်းတွေက ရှင်တို့ကို ဘာမှ အန္တရာယ်ပြုမှာ မဟုတ်ဘူး။ သူတို့လည်း ကျမတို့လိုပဲ ရာသီဥတုဒဏ်ကို အဆင်ပြေအောင် ကြိုးစားတာပါပဲ။ သူတို့ကို သူတို့ဘာသာပဲ နေထိုင်ခွင့် ပေးထားရင် သူတို့ကလည်း ရှင်တို့ကို အဲ့ဒီအတိုင်းပဲ ပြန်ပြုမူပါလိမ့်မယ်” လို့ ခရစ်တီက ဖော့စ်နယူးသတင်းကို ပြောထားကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular