Home
မြန်မာသတင်း
တိုက်ကြီးတွင် ကျပ်သိန်း ၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
August 26, 2017
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မြစပယ် ၆ လမ်းက နေအိမ်တလုံးမှာ ကျပ်သိန်း ၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ သြဂုတ် ၂၅ ရက်နေ့ ည ၇ နောက်က တိုက်ကြီးမြို့မရဲစခန်းက စခန်းမှူး ရဲမှူးသိန်းအေးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဗောဓိကုန်းရပ်ကွက်၊ မြစပယ် ၆ လမ်းက နေအိမ်တလုံးကို ၀င်ရောက်ရှာဖွေရာ နေအိမ်ပေါ်မှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၈၀၀၀၊ ဆပ်ပြာခွက် ၂၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အထုတ် ၂၀၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၅၂၀ ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်း အမူစစ်ဒုရဲအုပ် မင်းအောင် က ပြောပါတယ်။ မူးယစ်ဆေးတွေ ဖမ်းမိတဲ့ နေအိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်သန်းကို စစ်ဆေးရာ အိမ်ချင်းကပ်နေ ဒေါ်ဌေးဝင်းက ပစ္စည်းတွေ လာရောက်သိမ်းဆည်းထားကြောင်း ပြောလို့ ဒေါ်ဌေးဝင်းကို ဆက်လက်စစ်ဆေးရာ မိုးမိတ်မြို့ မိုးဟောက်ကျေးရွာက မနုနုခိုင်နဲ့ မမြကေခိုင်တို့က မိမိနေအိမ်မှာ တည်းခိုပြီး တိုက်ကြီးမြို့မှာ ရောင်းချဖို့ သယ်ဆောင်လာပြီး သိမ်းဆည်းခိုင်းလို့ ဒေါ်မြင့်မြင့်သန်းနေအိမ်မှာ သိမ်းဆည်းထားတာလို့ ထွက်ဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ မနုနုခိုင်၊ မမြကေခိုင် နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဒေါ်ဌေးဝင်းနဲ့ ဒေါ်မြင့်မြင့်သန်း တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ စခန်းမှူး ရဲမှူးသိန်းအေးက အမူကို စစ်ဆေးဆောင်ရွက်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024