သတ္တုတွင်း​ဝန်ကြီး​ဌာနက သည်ဗွိုက်စ်ဂျာနယ်ကို တရား​စွဲမည်

သတ္တုတွင်း​ဝန်ကြီး​ဌာနက ပြည်တွင်း​ဂျာနယ်တ​စောင် ဖြစ်တဲ့​ သည်ဗွိုက်စ် ဂျာနယ်ကို ဌာနနဲ့​သက်ဆိုင်တဲ့​ သတင်း​တပုဒ်​ရေး​သား​ဖော်ပြမှုနဲ့​ စပ်လျဉ်း​ပြီး​ တရား​စွဲမယ်လို့​ ဒီက​နေ့​ထုတ် အစိုး​ရပိုင် သတင်း​စာ​တွေမှာ ​ဖော်ပြထား​ပါတယ်။ သည်ဗွိုက်စ် ဂျာနယ်မှာပါရှိတဲ့​ “အစိုး​ရဝန်ကြီး​ဌာနတချို့​ ကျပ်သိန်း​ထောင်ချီ အလွဲသုံး​စား​မှု​တွေကို စစ်​ဆေး​တွေ့​ရှိ” ဆိုတဲ့​ သတင်း​မှာ သတ္တုတွင်း​ဝန်ကြီး​ဌာနနဲ့​ ပတ်သက်လို့​ ​ရေး​သား​ချက်ဟာ မှား​ယွင်း​တာ​ကြောင့်​ တရား​စွဲမယ်လို့​ ​ဖော်ပြထား​တာပါ။ မတ် ၁၂ ရက်​နေ့​ထုတ် သည်ဗွိုက်စ်ဂျာနယ်မှာ သတ္တုတွင်း​ ဝန်ကြီး​ဌာန အမှတ် ၁ သတ္တုတွင်း​ လုပ်ငန်း​ပိုင် မုံရွာ ​ကြေး​နီစီမံကိန်း​ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း​ကို ​ဒေါ်လာသန်း​ ၁၀၀ နဲ့​ မြန်မာစီး​ပွား​ရေး​ ဦး​ပိုင်လီမိတက်ကို ​ရောင်း​ချတာဖြစ်​ပေမယ့်​ တကယ်​ငွေ​ပေး​ချေ​တော့​ မြန်မာစီး​ပွား​ရေး​ ဦး​ပိုင်လီမိတက်အစား​ နိုင်ငံခြား​ ကုမ္ပဏီတခုက ​ပေး​ချေခဲ့​တယ်လို့​ သည်ဗွိုက်ဂျာနယ်မှာ ​ရေး​ခဲ့​တာပါ။ မြန်မာစီး​ပွား​ရေး​ဦး​ပိုင် လီမိတက် ဟာ တပ်မ​တော်ပိုင် ကုမ္ပဏီလည်း​ ဖြစ်ပါတယ်။ ဒီ​ဖော်ပြချက်ဟာ မှန်ကန်မှုမရှိဘဲ သတ္တုတွင်း​ဝန်ကြီး​ဌာနကို ဂုဏ်သိက္ခာ ထိခိုက်​စေတဲ့​အတွက် ဂျာနယ် ထုတ်​ဝေသူနဲ့​ သတင်း​ထောက်ကို တရား​စွဲဆိုမယ်လို့​ ​ရေး​သား​ထား​ပါတယ်။ သည်ဗွိုက်ဂျာနယ်ရဲ့​ သတင်း​ရေး​သား​ချက်ဟာ ပြည်​ထောင်စုစာရင်း​စစ်ရုံး​က ​ငွေစာရင်း​ကော်မတီကို တင်ပြတဲ့​ အစီရင်ခံစာကို ကိုး​ကား​ရေး​သား​ထား​တာ ဖြစ်ပြီး​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက သတင်း​စာဖိုး​ ကျပ်သိန်း​ ၂ ​ထောင်​ကျော်ကို မသွင်း​တာ​တွေ။ အမှတ် (၁) စက်မှုဝန်ကြီး​ဌာနက ​ငွေ​ကြေး​အလွဲသုံး​မှုမှာ ရသာချို ​ခေါက်ဆွဲ ​ခြောက်လုပ်ဖို့​ မီး​ထိုး​ဆီဂါလံ ၂ သိန်း​ကျော်ကို ​ချောက်​ရေနံချက်စက်ရုံက ထုတ်ပြီး​ အပြင်ကို ​ရောင်း​တာ ​တွေကိုလည်း​ ထည့်​သွင်း​ ​ရေး​သား​ခဲ့​ပါတယ်။ သတ္တုတွင်း​ဝန်ကြီး​ဌာန သတင်း​ရေး​သား​ချက်နဲ့​ ပတ်သက်လို့​ ဒီအစီရင်ခံစာ ရတဲ့​ အမျိုး​သား​လွှတ် ​တော်ကိုယ်စား​လှယ် ​ဒေါက်တာ​အေး​မောင်ကို ​မေး​ရာမှာ အဲဒီ နိုင်ငံခြား​ကုမ္ပဏီ အမည်စာရင်း​နဲ့​ တကွ သတ္တုတွင်း​ဝန်ကြီး​ဌာန မုံရွာ​ကြေး​နီး​ မိုင်း​နဲ့​ ပတ်သက်ပြီး​ ​ဒေါ်လာ ၃ သန်း​ကျော်ကို အလွဲသုံး​စား​ လုပ်ခဲ့​တယ်လို့​ အစီရင်ခံစာမှာ ပါတယ်လို့​ ဒီဗွီဘီကို ​ပြောဆိုသွား​ပါတယ်။ “အမှတ် ၁ သတ္တူတွင်း​လုပ်ငန်း​က ME 1 သူတို့​က မြန်မာအိုင်ဗင်ဟိုး​နဲ့​ ​ပြောင်း​ပြီး​ခါမှ ​ကြေး​စင် ​တောင်မှာထင်တယ်၊​ ​ကြေး​စင်သတ္ထုထုတ်တာ​ပေါ့​။ အခုန ME 1 က ​ရောင်း​နေကျ။ သူက ဘယ်ကို​ရောင်း​သလဲဆိုရင် ၅၀ % အစုရှယ်ယာကို ဦး​ပိုင်ကို ​ရောင်း​လိုက်တယ်။ ​နောက်တခုကိုလည်း​ပဲ အိုင်ဗင်ဟိုး​က ထွက်တာ ကျန်တာကို ​နောက် ၅၀ % ကို တရုတ် ဝမ်ဘိုမိုင်း​ကုမ္ပဏီကို ​ရောင်း​တယ်။ ဘယ် တုန်း​က ​ရောင်း​လဲဆိုရင် ၂၀၁၀ ဒီဇင်ဘာမှာ ရှယ်ယာကို အလွှဲအ​ပြောင်း​ လုပ်တယ်။ အလွှဲအ​ပြောင်း​လုပ်တဲ့​ ကာလ၊​ လုပ်ငန်း​ရပ်တဲ့​ကာလ ၁ လ ​လောက်အတွင်း​မှာ ခုနလို ကြား​မှာ သတ္ထုကို ထုတ်တယ်။ ထုတ်တဲ့​ သတ္ထုအ​ပေါ်မှာ ခုနလို တကယ်တမ်း​ထုတ်လုပ်မှု ရှိတယ်၊​ ​ရောင်း​ချမှု ရှိခဲ့​တယ်။ ဒါ​ပေမယ့်​ အဲဒါကို မထုတ်ဘူး​၊​ မလုပ်ဘူး​ ဆိုပြီး​ကာမှ စာရင်း​ပြတာ​ပေါ့​။ အဲဒီဟာတခုရယ် ​နောက် ခုနလို အိုင်ဗင်ဟိုး​တို့​ ဘာတို့​ကို​လေ ထွက်သွား​တဲ့​ အခါကျ​တော့​ ပြန်ပြီး​ ပိုက်ဆံ သန်း​ ၁၀၀ ​လောက်စီ သွင်း​ရတာ ရှိတယ်။ သွင်း​ရတာကို ဥပမာ - မြန်မာဦး​ပိုင်ကုမ္ပဏီ လိမိတက်အစား​ ဝမ်ဘိုမိုင်း​နင်း​ကပဲ သူတို့​သွင်း​ရမယ့်​ အစုရှယ်ယာ ​ဒေါ်လာသန်း​ ၁၀၀ ကို သွင်း​ပေး​တယ်။ သူတို့​ဟာလည်း​ သွင်း​ပေး​တယ် ဆိုတာမျိုး​တွေ့​တယ်။ ​ဒေါ်လာသန်း​ ၁၀၀ ကို ဝမ်ဘိုကုမ္ပဏီက​နေ ဦး​ပိုင်ကုမ္ပဏီလိမိတက်ကို သွင်း​ပေး​ထား​တာ​တွေ့​တယ်။ ဦး​ပိုင်ကသွင်း​တာ မ​တွေ့​ဘူး​။ သတ္ထုရဲ့​ အဲဒီကာလ တန်ဖိုး​က ​ဒေါ်လာ အများ​ကြီး​။ တကယ်ထုတ်ပြန်တာ ​တွေ့​ပါတယ်။ အ​မေရိကန် ​ဒေါ်လာ ၃၂၀၆၆၃၅.၆၅၂ (၃ သန်း​ ၂ သိန်း​ ၆ ​ထောင် ၆ ရာ ၃ ဆယ် ၅ ဒသမ ​ခြောက်ငါး​နှစ်) ​ပေါ့​။ သူတို့​ပြော တာက​တော့​ ၃၃၈.၉၃၂ ​ကြေး​နီသတ္ထုစင် မီထရစ်တန် ဒါကြီး​နဲ့​ သင့်​လျှော်တဲ့​ တန်ဖိုး​ပေါ့​။ အဲဒီလိုမျိုး​ အ​မေရိကန် ​ဒေါ်လာ ​တွေ့​တာ ရှိတယ်။” ရန်ကုန်အ​ခြေစိုက် မြန်မာသမာဓိ စီး​ပွား​ရေး​ဂျာနယ် အယ်ဒီတာချုပ် ကိုသက်ဇင်က​တော့​ အစိုး​ရပိုင် သတင်း​စာ​တွေက​နေ သတင်း​ ထုတ်ပြန်တာဟာ တရား​မျှတမှု မရှိဘဲ သည်ဗွိုက်ဂျာနယ်တင်မကဘဲ ကျန်သတင်း​ဌာန​တွေကိုလည်း​ ခြိမ်း​ခြောက်သလို ဖြစ်တယ်လို့​ သုံး​သပ် ​ပြောဆိုပါတယ်။ “ဒီလိုမျိုး​ နိုင်ငံပိုင် မီဒီယာက​နေ ထည့်​ရေး​တာဟာက​တော့​ ဒါက​တော့​ မမျှတဘူး​လို့​ ထင်တယ်။ မ​ရေး​သင့်​ဘူး​ပေါ့​။ ဒါကို တရား​စွဲကာမှ စွဲ​ပေါ့​လေ။ ဒါက သတ္ထုတွင်း​ဝန်ကြီး​ဌာနနဲ့​ပဲ ဆိုင်တာ။ ဒါကို ​အောက်က သတင်း​စဉ်ဆိုတဲ့​ နာမည်နဲ့​ နိုင်ငံပိုင်သတင်း​စာမှာ ​ဖော်ပြတယ်ဆိုတာက​တော့​ ဒါက​တော့​ သိပ် မမျှတဘူး​ပေါ့​ အညှိုး​လေး​တွေ ပါတယ်လို့​ ထင်ပါတယ်။ ဒါကို သူတို့​ချင်း​ တရား​စွဲပြီး​တော့​ ဒီလိုမျိုး​အမိန့်​ချပြီး​မှာ လုပ်တယ်ဆိုရင်​တော့​ တမျိုး​ပေါ့​။ အခုလို လုပ်တာက ကျန်တဲ့​မီဒီယာ​တွေကိုလည်း​ ခြိမ်း​ခြောက်သလို ဖြစ်တာ ​ပေါ့​။ ” ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကလည်း​ ​မော်ဒန်ဂျာနယ်မှာ ပါရှိတဲ့​ သပိတ်ကျဉ်း​မြို့​တွင်း​ ကား​လမ်း​ ပျက်စီး​ ချို့​ယွင်း​နေတဲ့​ သတင်း​ဆောင်း​ပါး​နဲ့​ ပတ်သက်ပြီး​ ​မော်ဒန်ဂျာနယ်က တာဝန်ခံ အယ်ဒီတာနဲ့​ သတင်း​ထောက်ကို သပိတ်ကျင်း​မြို့​နယ် ​ဆောက်လုပ်​ရေး​ အင်ဂျင်နီယာက​နေ တရား​စွဲဆိုထား​တာ ရှိပါတယ်။ အပတ်စဉ်ထုတ် ဝီကလီး​အဲလင်ဗင်း​နဲ့​ သည်မက်စင်ဂျာ ဂျာနယ်တို့​ကလည်း​ သည်ဗွိုက်ဂျာနယ်နဲ့​ ပတ်သက်ပြီး​ သ​ဘောထား​အသီး​သီး​ ထုတ်ပြန်ခဲ့​ကြရာမှာ အစိုး​ရပိုင်သတင်း​စာ​တွေရဲ့​ ​ဖော်ပြချက်ဟာ စတုတ္ထမဏ္ဍိုင်ကို တဖက်သတ် ခြိမ်း​ခြောက်တဲ့​ အသွင်​ဆောင်​နေတယ်လို့​ ဆိုထား​ပါတယ်။ ဒါဟာ သတင်း​အင်္ဂါရပ်နှင့်​ မညီညွတ်တဲ့​အပြင် ပြည်တွင်း​ထုတ် သတင်း​ဂျာနယ်များ​အား​ ဂုဏ်သိက္ခာ ညှိုး​နွမ်း​စေလိုတဲ့​ ရည်ရွယ်ချက် ပါရှိ​နေပါတယ်လို့​ သ​ဘောထား​ ထုတ်ပြန်ပါတယ်။

More News
Up