ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့မနက် နေပြည်တော်မှာ တွေ့ဆုံပါတယ်။
တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့မှ တင်သွင်းမယ့် အစီရင်ခံစာပါ အကြောင်းအရာတွေနဲ့ အစီရင်ခံစာမှာ ပြင်ဆင်ထည့်သွင်းဖို့လိုတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CINCDS