မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲတွေ အားပေးကြည့်ရှုချိန်နဲ့ သွားလာချိန်တွေမှာ သတိဝီရိယနဲ့ နေထိုင်ကြဖို့ မြန်မာသံရုံးက အသိပေးနှိုးဆော်ထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သြဂုတ် ၂၁ ရက်က ကျင်းတဲ့ (၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားအချို့ ဘောလုံးကွင်းအနီးမှာ ရိုက်နှက်လုယက်ခံရပြီးနောက် ခုလို အသိပေး ထုတ်ပြန်လိုက်တာပါ။
မြန်မာသံရုံးအနေနဲ့ သက်ဆိုင်ရာ မလေးရှားအစိုးရ လုံခြုံရေးအဖွဲ့ အစည်းတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။