Home
မြန်မာသတင်း
ကော့သောင်းမြို့ မိဘမဲ့ပရဟိတဂေဟာမှ ကလေးတဦး ရေနစ်သေဆုံး
DVB
·
August 23, 2017
ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာမှာ သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းက ရွှေတောင်ဦး ပရိတမိဘမဲ့ဂေဟာက ကလေးတဦး ရေနှစ်သေဆုံးခဲ့တယ်လို့ မလိဝမ်းကျေးရွာရဲကင်းစခန်း ကပြောပါတယ်။ ဖြစ်စဉ်မှာ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ရွှေတောင်ဦးကျောင်းတိုက်က ပထမတန်းကျောင်းသား မောင်မိုးကိုဦး (၆-နှစ်)နဲ့အတူ ကျောင်းသားအချို့ဟာ ရွာရဲ့တောင်ဘက်အဝင်ဝရှိ မလိဝမ်းချောင်းမှာ ရေကူးကြရာ ရေစီးအားနဲ့ မောင်မိုးကိုဦးမှာ မျောပါသွားခဲ့ပြီး ကျန်ရှိနေတဲ့ ကျောင်းသားတွေကလည်း အုပ်ထိန်းသူတွေကို ပြောပြခဲ့ခြင်းမရှိလို့ မသိရဘဲ သြဂုတ် ၂၂ ရက် နံနက် ကျောင်းသားတွေကို စာရင်းရှိလူဦးရေ စစ်ဆေးရာမှာ ဒီဖြစ်စဉ်ကို သိခဲ့ရတာပါ။ “သိသိချင်းပဲ ရပ်ရွာအကြီးအကဲတွေနဲ့ နာရေးကူညီမှုအဖွဲ့တို့က ချောင်းရိုးတလျှောက် ရှာဖွေရာ မနက် ၁၁ နာရီလောက်မှာ သေဆုံးလျက် ပန်လည်ရှာဖွေတွေ့ရှိခဲ့တယ်”လို့ ရွှေတောင်ဦးပရဟိတ မိဘမဲ့ဂေဟာက တာဝန်ရှိသူတဦးက ပြောပါတယ်။ ကော့သောင်းရဲစခန်းက မောင်မိုးကိုဦး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်  သေမှုသေခင်းနဲ့ ဖွင့်လှစ်စစ်ဆေးနေပါတယ်လို့ ကော့သောင်းရဲစခန်း ဒုစခန်းမှူး ရဲအုပ်အေးကြိုင်က ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024