Home
မြန်မာသတင်း
မုံရွာ ညဈေးတန်း ပိုမိုစည်ကားလာစေရန် ကာရာအိုကေပြိုင်ပွဲ ကျင်းပမည်
Aung Ko Latt
·
August 23, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ညဈေးတန်းမှာ ပိုမိုစည်ကားလာစေရေး၊ ဒေသခံတွေထဲက ရွက်ပုန်းသီး အဆိုဝါသနာရှင်တွေ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး မုံရွာစည်ပင်သာယာရေး ကော်မတီက ကာရာအိုကေပြိုင်ပွဲကို သြဂုတ် ၂၃ ရက် ညကနေ ၂၉ ရက်နေ့ထိ ညစဉ် ကျင်းပဖို့ စီစဉ်နေပါတယ်။ မုံရွာစည်ပင်ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက “ညဈေးတန်း အခုထက် ပိုမိုစည်ကားသိုက်မြိုက်လာစေရန်၊ နောက်ပြီးတော့ မြို့ပေါ်မှာရှိတဲ့ ရွက်ပုန်းသီး အနုပညာရှင်တွေကို ဖော်ထုတ်ချင်တာရယ်ကို ရည်ရွယ်ပြီး လုပ်တာပါ။ လူဦးရေ အယောက် ၂၀၀ ရယ်၊ အပျော်တမ်းဆိုပေမယ့် ရူးကြောင်မူးကြောင်နဲ့ အပျက်သဘောဖြစ်မှာစိုးလို့ ဝင်ကြေး ၂၀၀၀ သတ်မှတ်တာရယ်ကလွဲရင် ဘာကန့်သတ်မှုမှ မရှိပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီကာရာအိုကေပြိုင်ပွဲမှာ မြန်မာသံစဉ်၊ ခေတ်ပေါ်တေးရယ်ဆိုပြီး ၂ မျိုးခွဲထားပါတယ်။ ၂ မျိုးလုံးကို သီဆိုယှဉ်ပြိုင်နိုင်ပြီး ၁ မျိုးမှာ လူအယောက် ၁၀၀ စီ စုစုပေါင်း ၂၀၀ ဦးကို ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ ပြိုင်ပွဲစတင်မှာဖြစ်ပါတယ်။ ၂၇ ရက်နေ့ မှာတော့ ဆန်ကာတင်အနေနဲ့ မြန်မာသံစဉ် ၁၀ ဦး၊ ခေတ်ပေါ်တေး ၁၀ ဦးရွေးချယ်မှာဖြစ်ပြီး အဲဒီထဲကမှ ပ၊ ဒု၊ တ ရွေးချယ်မှာပါ။ သြဂုတ် ၂၉ ရက်နေ့ညမှာတော့ ဆုရရှိခဲ့သူတွေကို ဆုချီးမြှင့်မှာဖြစ်ပြီး ဆုရရှိသူတွေအနေနဲ့ ဆုရရှိခဲ့တဲ့သီချင်းကို ပြန်လည် သီဆိုဖျော်ဖြေပေးရမှာဖြစ်ပါတယ်။ ပထမဆုကို ကျပ် ၃သိန်း၊ ဒုတိယဆုကို ကျပ် ၁သိန်းခွဲ၊ တတိယဆုကို ၈သောင်းကျပ်နဲ့ နှစ်သိမ့်ဆု ၃ ဆုကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ကာရာအိုကေပြိုင်ပွဲတွေကို  နောက်လတွေမှာလည်း လစဉ်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024