Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံသို့ ရောက်ရှိ
DVB
·
August 22, 2017
20915470_10208207424743471_5801326186894794979_n
  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့  နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ရန်ကုန်မြို့သို့ Bangkok Airways နဲ့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဦးကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့  ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိအကြံပြုချက်တွေကို   မြန်မာအစိုးရထံ ခုရက်ပိုင်းအတွင်း အပြီးသတ် အစီရင်ခံစာ တင်သွင်းဖို့ရှိနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024