ရန်ကုန်စတော့ရှယ်ယာဈေးနှုန်း ထပ်မံကျဆင်း

  ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကုမ္ပဏီ ၄ ခုစလုံးရဲ့ ရှယ်ယာဈေးနှုန်းတွေကတော့ ထပ်ပြီး ကျဆင်းလာပါတယ်။ သြဂုတ် ၂၁ ရက်မှာ ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာ FMI ရှယ်ယာပေါက်ဈေးက ၁၃၅၀၀ ကျပ် ဖြစ်ပြီး အစုရှယ်ယာ အရေအတွက် ၃၄၀၀ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သီလဝါ ရှယ်ယာပေါက်ဈေးကတော့ ၃၄၀၀ ကျပ် ဖြစ်ပြီး အစုရှယ်ယာ ၃၅၀၀ ကျပ်ဝန်းကျင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာပေါက်ဈေးက ကျပ် ၈၆၀၀ ဖြစ်ပြီး ရှယ်ယာ အရေအတွက် ၁၀၀၀ အရောင်းအဝယ် ဖြစ်ခဲ့တာပါ။ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာပေါက်ဈေး ကတော့ ၂၂,၅၀၀ ကျပ် ဖြစ်ပြီး ရှယ်ယာ အရေအတွက် ၆၀၀ အရောင်းအဝယ် ဖြစ်ခဲ့တာပါ။ ဒီလို ရှယ်ယာဈေးနှုန်းတွေ ကျဆင်းလာပေမယ့် ရှယ်ယာဝယ်ယူသူတွေကတော့ များမလာဘဲ ရှယ်ယာ ဝယ်ယူလိုသူတွေကတော့ နည်းနေပါတယ်။

More News
Up