Saturday, June 10, 2023
HomeLead Storyအမေရိကန်ဖျက်သင်္ဘောနှင့် ရေနံတင်သင်္ဘော တိုက်မိ၊ သင်္ဘောသား ၁၀ ဦး ပျောက်ဆုံး

အမေရိကန်ဖျက်သင်္ဘောနှင့် ရေနံတင်သင်္ဘော တိုက်မိ၊ သင်္ဘောသား ၁၀ ဦး ပျောက်ဆုံး

အမေရိကန် ရေတပ်သင်္ဘော USS John S. McCain ဟာ ဒီနေ့မနက် အစောပိုင်းက စင်ကာပူနိုင်ငံ အရှေ့ဘက်မှာ ရေနံတင်သင်္ဘောတစီးနဲ့ တိုက်မိပြီးနောက် သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေပြီး ၅ ဦး ဒဏ်ရာရတယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပဲ့ထိန်းဒုံးကျည် တင်ဆောင်ထားတဲ့ အမေရိကန်ဖျက်သင်္ဘောဟာ စင်ကာပူဆိပ်ကမ်းမှာ ခရီးတထောက်နားဖို့ ထွက်ခွါလာစဉ် လိုက်ဘေးရီးယားအလံ လွှင့်ထားတဲ့ ကုန်သင်္ဘော Alnic MC နဲ့ တိုက်မိခဲ့တာပါ။

တိုက်မိတာကြောင့် John S. McCain သင်္ဘောရဲ့ ဘယ်ဘက်ခြမ်း ပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို အမေရိကန်စစ်သင်္ဘော တိုက်မှုဟာ နှစ်လအတွင်း ဒုတိယမြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဂျပန်ကမ်းလွန်မှာ အမေရိကန်စစ်သင်္ဘော USS Fitzgerald နဲ့ ဖိလစ်ပိုင် ကွန်တိန်နာသင်္ဘောတို့ တိုက်မိခဲ့ပြီး ရေတပ်သင်္ဘောသား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular