DVB Logo
Home
မြန်မာသတင်း
နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ
DVB
·
March 13, 2012
နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ
Donate to DVB

နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မတ် ၁၂ရက်နေ့က သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက မှတ်ပုံတင် ပြန်လည် ချပေးလိုက်ပြီ ဖြစ်ပါတယ်။



၂၀၀၈ခုနှစ်ကထဲက အကြောင်း အမျိုးမျိုး ပြပြီး နာရေးကူညီမှု အသင်းကို မှတ်ပုံတင် ပြန်မချပေးခဲ့ဘဲ ထားရာက အခု အစိုးရသစ် သက်တမ်း ၁ နှစ် ကျော်ချိန်မှာမှ မှတ်ပုံတင် ပြန်ချ ပေးလိုက်တာပါ။

အသင်းဥက္ကဌ ဦးကျော်သူက တော့  နာရေးအသင်းအနေနဲ့ မှတ်ပုံတင် ချမပေးခဲ့တုန်းကလဲ အသင်းက လုပ်စရာရှိတာတွေ လုပ်နေခဲ့တာ ဖြစ်ပြီး၊  အခု မှတ်ပုံတင် ပြန်ချပေးလိုက်တဲ့ အတွက်  အသင်းအနေနဲ့လည်း ရှေ့ဆက် လုပ်ငန်းတွေ တိုးချဲ့ပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ခုနှစ်က စတင်ဖွဲ့စည်းပြီး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက် ပေးခဲ့ရာ မှာ အရေအတွက်အားဖြင့် ၁ သိန်း ၂ သောင်းလောက်ကို  ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

နာရေးကူညီမှု အသင်းဟာ  သုခကုသိုလ်ဖြစ်ဆေးခန်းကိုဖွင့်လှစ်ကာ  ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီး ကနေ နေ့စဉ် လူနာပေါင်း၂၀၀ ကျော် အခမဲ့ ကုနေတာပါ။ ဆေးကုသတာ အပြင် ခွဲစိတ် ကုသခွင့် ရရှိရေး အတွက်လဲ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးကျော်သူကပြောပါတယ်။

နာရေးကူညီမှုအသင်းကို ၂၀၁၂ခုနှစ် မတ်လ၁၂ရက်ကနေ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်ထိ ၃ နှစ် သက်တမ်း မှတ်ပုံတင်ချပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013