Homeရုပျသံ
ASEAN+3 သီချင်းဆိုပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် နီနီခင်ဇော်၏ ‘မျှော်လင့်ချက် တစုံတရာ’ (ရုပ်သံ)
ASEAN+3 သီချင်းဆိုပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် နီနီခင်ဇော်၏ ‘မျှော်လင့်ချက် တစုံတရာ’ (ရုပ်သံ)
DVB
·
August 21, 2017
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ASEAN+3 သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းက ဒုတိယဆု ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို အာဆီယံဒေသတွင်းနိုင်ငံတွေမှ နာမည်ကြီးအဆိုတော်တွေက ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် နီနီခင်ဇော်က အမှတ်စဉ် ၅၉ နဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။
ဒီသီချင်းမှာ အဆိုတော် အောင်ထက်ကလည်း မြန်မာရိုးရာဗုံနဲ့ ပါဝင်အားဖြည့် သရုပ်ဖော်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
သီချင်းကို ရေးစပ်သူကတော့ အဆိုတော် ဆောင်းဦးလှိုင် ဖြစ်ပြီး “အကြိမ်ကြိမ် အခါခါ ရှုံးလည်း… ယုံကြည်တာတွေ မစွန့်လွှတ်လိုက်ပါနဲ့… အန္တရာယ်လည်း များပါစေ… ဆူးခင်းလမ်းတွေ ဖြစ်ပါစေ” ဆိုတဲ့ သီချင်းစာသားတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ဖော်ညွှန်းပြီး စပ်ဆိုရေးသားခဲ့တာပါ။
ဒီပြိုင်ပွဲကို the Voice of Vietnam (VOV) ရေဒီယို ၇၂ နှစ်ပြည့်နဲ့ အာဆီယံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် တစိတ်တဒေသအဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။