သာစည်တွင် ကျောင်းသား ၁ ဦးထံမှ စိတ်ကြွဆေးပြား ၁၁ သိန်ကျော်ဖိုး ဖမ်းမိ
DVB
·
August 20, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်-တောင်ကြီးလမ်း ကျွဲတပ်ဆုံရွာအနီး သြဂုတ် ၁၉ ရက်နေ့လယ် ၁ နာရီလောက်က တက္ကသိုလ်ကျောင်းသား ၁ ဦး ဆီက စိတ်ကြွဆေးပြား ၁၁ သိန်းကျော်ဖိုး ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်မောင်မောင်ဝင်းက “ပျော်ဘွယ်မြို့နယ်၊ ညောင်ပင်လှရွာနေတဲ့ စိုးလှိုင်ထွန်း လွယ်ထားတဲ့ အိတ်ထဲက တွေ့ပါတယ်၊ စိတ်ကြွဆေးပြား ၃၇၉ ပြားတွေ့တာပါ၊ ဆေးပြား ၁ ပြားကို ၃၀၀၀ ကျပ်နဲ့ တွက်ပါတယ်၊ ၁၁ သိန်းကျော် တန်ဖိုးသင့်ပါတယ်၊ စီးပွားရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ဆိုတာသိရတယ်” လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းက စိုးလှိုင်ထွန်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေ လက်ဝယ်ထားရှိမှု/သုံးစွဲမှု/ဖြန့်ဖြူးမှု ပုဒ်မ ၁၅/၁၉(က)/၂၁ တို့နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)