Wednesday, May 31, 2023
HomeLead Storyအင်းတော်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီး

အင်းတော်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားကျေးရွာအနီး ကားလမ်းဆုံမှာ ဒီနေ့မနက် ၁၁ နာရီလောက်က ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

မူးတပ်ဖွဲ့စု ၆ ကသာက ဒုရဲမှူး မြင့်နိုင်ဦး၊ ရဲအုပ်ကျော်မင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ သက်သေတွေနဲ့အတူ နဘားကားလမ်းဆုံမှာ စောင့်ဆိုင်းနေချိန် ကသာကနေ မိုးညှင်းဘက်ကို မောင်ဝယ်မောင်းနှင်ပြီး နောက်က အောင်ခိုင်ဇော် လိုက်ပါလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ အောင်ခိုင်ဇော် လွယ်ထားတဲ့ ကျောပိုးအိတ်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၀၇ ပြား၊ ကာလတန်ဖိုး ၇၀၃၅၀၀၀ ကျပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

အင်းတော် မြို့မရဲစခန်းက အောင်ခိုင်ဇော်နဲ့ မောင်ဝယ် တို့ နှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular