DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းငြိမ်းမောင်ကို ချက်ချင်းလွှတ်ဖို့  ကျောင်းသားလူငယ်မဟာမိတ်တွေ တောင်းဆို
DVB
·
March 12, 2012
ပဒိုမန်းငြိမ်းမောင်ကို ချက်ချင်းလွှတ်ဖို့  ကျောင်းသားလူငယ်မဟာမိတ်တွေ တောင်းဆို
Donate to DVB

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ယက်နဲ့ တိုင်းရင်းသား လူငယ်များ အင်အားစု တို့က ဒီနေ့ ပူးတွဲ တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_14974" align="alignleft" width="300" caption="ပ​ဒို​မန်း​​ငြိမ်း​​မောင်"][/caption]

ပဒိုမန်းငြိမ်းမောင်ဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားမ၀င်အသင်းအဖွဲ့ ဆက်သွယ်တဲ့ အမှုတွေနဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ်ဆေးခံနေရတာ ဖြစ်ပြီး မတ် ၁၃ ရက်နေ့ မှာ အမိန့်ချမှတ်ဖို့ ချိန်းဆို ထားပါတယ်။ အမှုတွဲတွေမှာ  ပြစ်မှုထင်ရှား ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် နိုင်ငံတော်ပုန်ကန်မှု အတွက် သေဒဏ် (သို့) တသက်တကျွန်း ကျခံရဖွယ်ရှိ နေပါတယ်။

အဲဒီ့ နှစ်ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဒီနေ့ကာလဟာ တိုင်းရင်းသားညီအကိုတွေအားလုံး အပြန် အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် ပြဿနာနဲ့ နိုင်ငံရေး ပဋိပက္ခ္ခတွေကို အဆုံးသတ်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရကို တင်ပြထားပြီး ပဒိုမန်းငြိမ်းမောင် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်ပြီး ထောင်ချထားသူတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီပူးတွဲကြေညာချက်နဲ့ပတ်သက်လို့ ပြောခွင့်ရသူ နော်ဆန်းက ပြောပြပါတယ်။ “ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ ယုံကြည်မှုတွေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ် ဆိုရင် တိုင်းရင်းသား ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ အခု ထောင်ထဲမှာ ရောက်နေတဲ့ လူတွေ၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးသင့်တယ် ဆိုတာကို အဓိက ပြောချင်တာပါ။ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာကျတော့ အခုလိုမျိုး တကယ့်ငြိမ်းချမ်းရေးကို လိုလား လုပ်ဆောင်နေတဲ့ ပဒိုမန်းငြိမ်းမောင်ကို ဒီလိုမျိုး မတရားတဲ့ အမှုတွေနဲ့ စီရင်ချက်ချမယ့် အပေါ်မှာလည်း ပြန်စဉ်းစားပြီးတော့ လွှတ်ပေးသင့်တယ် ဆိုတာကို အဓိက ပြောချင်တယ်။”

ဒီလိုလွှတ်ပေးလိုက်ခြင်းအားဖြင့် အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး စကားလုံးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ချက်တရပ် ဖြစ်လိမ့်မယ်လို့ သူတို့နှစ်ဖွဲ့ရဲ့ ပူးတွဲ ကြေညာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်ဟာ အဖွဲ့၁၅ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး တိုင်းရင်းသားလူငယ်များအင်အားစုဟာ အဖွဲ့ ၁၃ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013