Home
မြန်မာသတင်း
ရေးမြို့နယ် ကျောင်းရွာ-လိပ်ပုတ်ကျေးရွာချင်းဆက်လမ်း ပျက်စီး၊ သွားလာရေး ခက်ခဲ
DVB
·
August 17, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုထဲက ကျောင်းရွာ-လိပ်ပုတ် ကျေးရွာချင်းဆက် မြေနီလမ်းဟာ နွေရာသီကာလမှာ ဆိုင်ကယ်၊ ကားတွေ သွားလာဖို့ အခက်အခဲ မရှိပေမယ့် မိုးရာသီမှာတော့ သွားလာဖို့ ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နှစ်စဉ် မိုးရာသီရောက်တိုင်း လမ်းဗွက်ထတာနဲ့ ရေကြီးရေလျှံတာတွေပါ အမြဲ ကြုံတွေ့ရတာကြောင့် ဆိုင်ကယ်၊ ကားတွေက သွားလာဖို့အတွက် အချိန်တွေ ကြန့်ကြာလာတာရယ်၊ ကူးသန်းရောင်းဝယ်ရေးတွေနဲ့ တခြား လူမှုရေး၊ ကျန်းမာရေးတွေမှာပါ ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ “အဲဒီကျေးရွာချင်းဆက် မြေနီလမ်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ၂၀၁၄-၂၀၁၅ ခုနှစ်က ခင်းကျင်းထားခဲ့ပေမယ့် ထပ်မံခင်းကျင်းပေးဖို့အတွက် တာဝန်ရှိသူတွေကို တင်ပြထားပေမယ့် အခုအချိန်အထိ ထူးခြားမှုတွေ မရှိသေးဘူး” လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။ အဲဒီလမ်းဟာ ငါးကလေးချောင်း၊ လိပ်ပုတ်၊ မင်းလှအေး၊ ရွာကလေး၊ ကလိပ်တုတ်၊ တပင်တိုင်ရွာတွေက ဒေသထွက်ကုန်တွေ ဖြစ်တဲ့ ကွမ်းသီး၊ ရာဘာ၊ မင်းဂွတ်နဲ့ တခြားရာသီပေါ်သီးနှံတွေ သွားလာရောင်းဝယ်ဖို့အပြင် တခြားလူမှုရေးကဏ္ဍတွေနဲ့ သမိုင်းဝင် ဆေးတောင်ဘုရား သွားရာ အဓိကလမ်းလည်း ဖြစ်ပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024