ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် အနည်ဆုံး လူ ၃၉ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ရေကြီးမှုကြောင့် အခုရက် အနည်းငယ်အတွင်းမှာပဲ အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့သလို လူဦးရေ ၅ သိန်းကျော် အိုးအိမ်စွန့်ခွာပြီး ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက သြဂုတ် ၁၅ ရက်နေ့မှာ ပြောပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ မိုးများနေတာကြောင့် မြေအနိမ့်ပိုင်းမှာ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအနေဟာ အခုထက် ပိုဆိုးလာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းက ဂိုင်ဘန်းဒါးခရိုင်မှာ စစ်သားတွေက အိမ်တွေကို သဲအိတ်တွေနဲ့ ကာရံပေးနေတာကို တွေ့ရပါတယ်။ ဇွန်လကနေ စက်တင်ဘာလအထိ ရွာတတ်တဲ့ မုတ်သုန်မိုးဟာ အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လယ်သမားတွေအတွက် မရှိမဖြစ်မိုး ဖြစ်သော်လည်း အဲဒီမိုးကြောင့်ပဲ နှစ်စဉ် လူသေဆုံးမှုတွေနဲ့ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up