DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်​ အစိုး​ရ သ​ဘောတူညီချက် ၅ ချက် ရရှိ
DVB
·
March 11, 2012
ကေအိုင်အိုနှင့်​ အစိုး​ရ သ​ဘောတူညီချက် ၅ ချက် ရရှိ
Donate to DVB

ကေအိုင်အို(ကချင်လွတ်​မြောက်​ရေး​အဖွဲ)နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်တို့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​က သုံး​ရက်ကြာ ​ဆွေး​နွေး​ပွဲမှာ အချက် ၅ ချက် သ​ဘောတူညီခဲ့​ကြတယ်လို့​ ထုတ်ပြန်ထား​ပါတယ်။

လက်မှတ်​ရေး​ထိုး​တာမျိုး​ မရှိ​သေး​ဘဲ ဒီသ​ဘောထား​ထုတ်ပြန်ချက်နဲ့​ ​နောက်ပိုင်း​မှာ ရက်သတ်မှတ်ပြီး​ ဆက်လက်​တွေ့​ဆုံဖို့​ ရှိတယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။

“အချက် ၅ ချက်မှာ အ​ရေး​အကြီး​ဆုံး​ အချက်က ပြဿနာ ဖြစ်ပွား​နိုင်တဲ့​ ​ဒေသများ ​ရှိရင် နှစ်ဖက် တပ်စခန်းများ ကိစ္စကို နှစ်ဦး​နှစ်ဖက် သ​ဘောတူညီမှု ရရှိသည်အထိ ​ဆွေး​နွေး​ပြီး​မှ ရရှိပြီး​သော သဘောတူညီချက် များ​ကို ရက်သတ်မှတ်ပြီး​ ​ဆောင်ရွက်သွား​ရန် ဖြစ်သည်။ ”

မတ်​လ​ ​၁၀​ ​ရက်​နေ့​မှာ ပြီး​ဆုံး​သွား​တဲ့​ အဲဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဖက် ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှုများ​ကို အား​ရ​ကျေနပ်မှုရှိခြင်း​၊​ ​ဆွေး​နွေး​ပွဲ​တွေကို တကြိမ်ထက်တကြိမ် ပိုမိုတိုး​တက်ဖြစ်ထွန်း​ပြီး​ ယုံကြည်မှုများ​ ပိုမို တည်​ဆောက်နိုင်ခဲ့​ခြင်း​၊​ ​ဆွေး​နွေး​မှု​တွေကတဆင့်​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ ​ဆွေးနွေး​ပွဲ​တွေ ပြုလုပ်သွား​ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲရလဒ်အရ စစ်​ရေး​အရှိန်များ​ ​လျော့​ချသွား​ရေး​ စတဲ့​အချက်​တွေ သ​ဘောတူညီခဲ့​ကြပါတယ်။

နှစ်ဖက် ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​ခဲ့​ပြီး​ ​ကေအိုင်အိုဘက်က အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်ထိုး​ဖို့​အတွက် ယုံကြည်မှုရှိဖို့​အ​ကြောင်း​နဲ့​ ဆုတ်ခွာ​ပေး​ရမယ့်​တပ်​တွေအ​ကြောင်း​ကို ​ဆွေး​နွေး​ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

“ဒီ​ဆွေး​နွေး​ပွဲမှာ သူတို့​ (အစိုး​ရ)တပ်ပိုင်း​ဆိုင်ရာက ဆုံး​ဖြတ်နိုင်တဲ့​သူ​တွေ ပါမလာဘူး​။ အဲဒါ​ကြောင့်​ ဒီသ​ဘောထား​ ထုတ်ပြန်ချက်ကို ထုတ်ထား​ပြီး​ ​နောက်တခါ ​ဆွေး​နွေး​တဲ့​အခါ ဒီကိစ္စကို အ​ကျေအလည် ​ဆွေး​နွေး​သွား​ဖို့​ သ​ဘောတူထား​ပါတယ်။”

ကေအိုင်အိုနဲ့​ ဦး​အောင်​သောင်း​ ဦး​ဆောင်တဲ့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ပြီး​ခဲ့​တဲ့​ ကြာသပ​တေး​နေ့​ကစပြီး​ ​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​တာပါ။ ​နောက်တကြိမ် ​ဆွေး​နွေး​ပွဲကို ရက်သတ်မှတ်ထား​ခြင်း​ မရှိ​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ဟာ ၁၉၉၄ ခုနှစ်ကတည်း​က လက်မှတ်ထိုး​ပြီး​သား​ဖြစ်ပြီး​ စစ်အစိုး​ရ မဖျက်သိမ်း​ခင်မှာ အပစ်ရပ်အဖွဲ့​တွေကို နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​တာ၊​ လက်နက်ချခိုင်း​တာ​တွေ ဖြစ်ခဲ့​အပြီး​မှာ အပစ်ရပ် သဘောတူညီချက် ပျက်ပြီး​ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေတာပါ။

ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေ​ပေမယ့်​လည်း​ ​ကေအိုင်အို နယ်​မြေအတွင်း​​ တိုက်ပွဲတွေ ကြိုကြား ကြိုကြား ဖြစ်ပွားနေသေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013