DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် မိန့်ခွန်းတချို့​ ကော်မရှင်​က​ ​ဖြတ်​တောက်
DVB
·
March 11, 2012
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​တချို့​ကို ​ရွေးကောက်ပွဲ​ကော်မရှင်က ဖြတ်​တောက်ခဲ့​ပါတယ်။

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မဲဆွယ်စည်း​ရုံး​ခွင့်​အ​နေနဲ့​ နိုင်ငံပိုင် အသံလွှင့်​ဌာန​တွေက​နေ တပါတီချင်း​အလိုက် မိန့်​ခွန်း​တို​ပြောကြား​ခွင့်​ ပြုထား​ရာမှာ မကြာ​သေး​ခင်က ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ထဲက တချို့​အ​ကြောင်း​အရာ​တွေကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဖြတ်​တောက်လိုက်ပါတယ်။

မိန့်​ခွန်း​ပြောကြား​မယ့်​ရက် မတိုင်ခင် ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံ ကြိုတင်တင်သွင်း​ရတဲ့​ မူကြမ်း​ကနေ အခုလို ဖြတ်​တောက်ခံခဲ့​ရတာပါ။

လာမယ့်​ ၁၂ ရက်​နေ့​ ​နေပြည်​တော် တပ်ကုန်း​မှာ ကြိုပြီး​ရိုက်ကူး​မယ့်​ ၁၅ မိနစ်စာ မဲဆွယ်စည်း​ရုံး​ရေး​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ထဲက မြန်မာ့​နိုင်ငံ​ရေး​သမိုင်း​ကြောင်း​နဲ့​ ပတ်သက်တဲ့​အချက် ဖြတ်​တောက်ခံရတာလို့​ အဖွဲ့​ချုပ်ရဲ့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ အဖွဲ့​ခေါင်း​ဆောင် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“စာမျက်နှာတမျက်နှာရဲ့​ ​လေး​ပုံတပုံ အပိုဒ်က​လေး​ တပိုဒ်ပါ။ ဗမာ့​နိုင်ငံ​ရေး​ သမိုင်း​ကြောင်း​လေး​ပါ။ ပြန်ပြီအစား​ထိုး​ဖို့​လည်း​ တင်ပြီး​ပါပြီ ​ကော်မရှင်ကလည်း​ အတည်ပြုပြီး​ပါပြီ။”

လာမယ့်​ ဧပြီလ ၁ ရက်​နေ့​မှာ ကျင်း​ပမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ ​ခေါင်း​ဆောင်​တွေကို နိုင်ငံပိုင် ​ရေဒီယို၊​ ရုပ်မြင်သံကြား​တွေက​နေ မဲဆွယ်စည်း​ရုံး​ရေး​ မိန့်​ခွန်း​ပြောကြား​ခွင့်​ ရရှိထား​တာဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ပါ အ​ကြောင်း​အရာတချို့​ အဖြတ်ခံရသလို ဒိမိုကရက်တစ်ပါတီ(မြန်မာ)အဖွဲ့​က ဦး​သု​ဝေရဲ့​ ရုပ်သံနဲ့​ ​ရေဒီယို​တွေမှာ ​ပြောကြား​ဖို့​ ​ရေး​သား​ထား​တဲ့​ (ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​စံနစ်​တွေကို အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံနဲ့​ ယှဉ်ပြီး​ သုံး​သပ်ထား​တွေတဲ့​) မူကြမ်း​ထဲက ပါတီမူဝါဒဆိုင်ရာ ​ဆောင်း​ပါး​နှစ်ခုစလုံး​ကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်က ပယ်ချခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013