ရှမ်းပြည်နယ်က အိုးစည်တောင်ကို ကျောက်တူးဖော်ရန် မိုင်းခွဲဖြို (ဓာတ်ပုံသတင်း)

8.8K
ရှမ်းပြည်နယ် ကလောမြို့ အဝင်မှာရှိပြီး ဒေသခံတွေ မြတ်နိုးအလေးထားတဲ့ အိုးစည်တောင်ကို ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီတခုက မိုင်းခွဲ ဖြိုဖျက်နေပါတယ်။
အိုးစည်တောင်ဟာ ဒေသခံတွေအတွက် ပါးစပ်ရာဇဝင်များစွာရှိပြီး အလောင်းတော်ကသဖ ဘုရားနဲ့ တောင်ကြောတဆက်တည်း တန်းတယ်လို့ ဒေသခံတွေက ယုံကြည်နေကြသလို ရှမ်းရိုးရာ အိုးစည် ပုံသဏ္ဍန်ရှိတာကြောင့်လည်း ဒေသခံတွေက ပိုပြီးမြတ်နိုးကြတာပါ။ အိုးစည်တောင်နဲ့ ကပ်လျှက် တောင်တွေမှာလည်း ဘုရားတဆူစီ တည်ရှိပါတယ်။
အခု သော်တာဝန်းကုမ္ပဏီဟာ ဒေသခံတွေ တားဆီးကန့်ကွက်ခြင်း၊ စာပို့တောင်းပန်ခြင်း ပြုလုပ်နေတဲ့ကြားက တောင်ကိုဖြိုဖျက်နေတာပါ။ မိုင်းဒဏ်ကြောင့် ဘုရားတခြမ်း ပြိုသွားခဲ့ပြီး ဆက်ဖြိုသွားဖို့ အခြေအနေတွေ ရှိနေပါတယ်။
Read more