DVB Logo
Home
မြန်မာသတင်း
တောင်ယာခင်း​ဖျက်တဲ့​ ကုမ္ပဏီကို တရား​စွဲ
DVB
·
March 9, 2012
Donate to DVB

စစ်ကိုင်း​တိုင်း​ မုံရွာခရိုင် ကနီမြို့​နယ်မှာ ​တောင်သူ​တွေရဲ့​ ​ပြောင်း​၊​ နှမ်း​ခင်း​ကို ဖျက်ဆီး​ခဲ့​တဲ့​အတွက် တင်ဝင်း​ထွန်း​ ကုမ္ပဏီကို နစ်နာတဲ့​ ​တောင်သူ​တွေက တရား​စွဲဆိုလိုက်ပါတယ်။

မြေထိုး​စက်နဲ့​ထိုး​ပြီး​ ဖျက်ဆီး​ခံရတဲ့​ ​တောင်သူ ၇၇ ဦး​က နစ်နာမှု​တွေကို ရလို​ကြောင်း​ မုံရွာခရိုင် တရား​ရုံး​မှာ မတ် ၈ ရက် ​နေ့​က စွဲဆိုတာလို့​ ဥပ​ဒေအကြံ​ပေး​ တရား​လွှတ်​တော်​ရှေ့​နေ ဦးမြင့်သွင်က ​ပြောပါတယ်။

ဒီလို ဖျက်ဆီး​တာဟာ ၂ နှစ်​လောက်ရှိပြီ ဖြစ်​ပေမယ့်​ အခုမှ ​တောင်သူ​တွေက ​ရှေ့​နေ​တွေကို ကိုယ်စား​လှယ်လွှဲပြီး​ တရား​စွဲဆိုကြတာပါ။

ဒီ​မြေ​တွေဟာ ၁၉၉၉ ခုနှစ် ​လောက်ကတည်း​က သက်ဆိုင်ရာက လယ်ယာ​တွေ ​ဖော်​ဆောင်ခိုင်း​ပြီး​ ရွာ​တွေ တည်ခိုင်း​ခဲ့​တယ်လို့​ ဆိုပါတယ်။ ၁ဝနှစ်ခန့်​ အကြာ ၂၀၁၀ ဝန်း​ကျင်ကျမှ တင်ဝင်း​ထွန်း​ ကုမ္ပဏီက သစ်​တော​ရေး​ရာ ဝန်ကြီး​ဌာနက ခွင့်​ပြုချက်အရ ​မြေလွတ်​မြေရိုင်း​ဖော်​ဆောင်ဖို့​ ဆိုပြီး​ ​မြေတူး​စက်နဲ့​ ထိုး​တာလို့​ ဆိုပါတယ်။

ဒီလိုဖျက်ဆီး​တဲ့​အတွက် ​မြေ ၁၀၃ ဧက​လောက် ဖျက်ဆီး​ခံရပြီး​ တန်ဖိုး​အား​ဖြင့်​ သိန်း​ ၂၀၀ ဝန်း​ကျင်​လောက် နစ်နာဆုံး​ရှုံး​ခဲ့​တယ်လို့​ ဦး​မြင့်​သွင်က ​ပြောပါတယ်။ အမှုကို လာမယ့်​ မတ်လ ၁၅ ရက်​နေ့​ ချိန်း​ဆိုထား​ပါတယ်။

တောင်သူ​တွေဟာ သူတို့​ရဲ့​ နစ်နာချက်ကို လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေ၊​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို)နဲ့​ စစ်ကိုင်း​တိုင်း​ ဝန်ကြီး​ချုပ်နဲ့​ စစ်တိုင်း​မှူး​တွေအထိပါ တိုင်ကြား​ခဲ့​ပေမယ့်​ အ​ကြောင်း​ မထူး​တာ​ကြောင့်​ ​ရှေ့​နေ​တွေနဲ့​ တိုင်ပင်ပြီး​ တရား​စွဲဆိုတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013