Homeသတင်းဓာတ်ပုံ
ဂန့်ဂေါမြို့နယ်တွင် ရေပိုက်လိုင်းတူးရာမှ အရိုးအိုးများနှင့် ဓားလှံများ တွေ့ရှိ (ဓာတ်ပုံ)
ဂန့်ဂေါမြို့နယ်တွင် ရေပိုက်လိုင်းတူးရာမှ အရိုးအိုးများနှင့် ဓားလှံများ တွေ့ရှိ (ဓာတ်ပုံ)
DVB
·
August 14, 2017
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ပြင်သာကျေးရွာမှာ သြဂုတ် ၁၃ ရက်နေ့က ရေပိုက်လိုင်းတူးရာကနေ အရိုးအိုး၊ ဓားနဲ့ လှံတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြစ်သာတမံ စီမံကိန်း ယာယီ ရေလွှဲမြောင်းကြောင့် ကျေးရွာ ရေတိုက်စားခံရလို့ ပြင်သာရွာသစ်ကို ပြောင်းရွှေ့ခဲ့ကြတာကာ အိုးအိမ်တွေတည်ဆောက်ပြီး ရေပိုက်လိုင်းတွေ တူးရာမှာ အခုလို တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အရိုးအိုးတွေနဲ့ ဓား၊ လှံ စတဲ့ပစ္စည်းတွေ့ရှိပြီး ရွာအနီး မြစ်သာချောင်းဘေးမှာလည်း လူသွားလို့ ယူဆရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ မှို၊ ခရု စတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပြင်သာကျေးရွာဟာ ဂန့်ဂေါမြို့မြစ်အထက်ဘက်ပိုင်း ၁၇ မိုင်အကျော်မှာ တည်ရှိပြီး အိမ်ထောင်စု ၉၇ အိမ်ရှိပါတယ်။
သတင်း၊ ဓာတ်ပုံ - ယောသားလေးသန်းဝင်းနိုင်