ခန္တီးတွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာအချို့ ရေကြီး၊ စာသင်ကျောင်းအချို့ ပိတ်
DVB
·
August 13, 2017
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ရပ်ကွက်နဲ့ ကျေးရွာ ၁၀ ရွာရေဝင်နေတယ်လို့ ခန္တ္တီးမြို့နယ် မီးသတ်ဦးစီး ဦးအောင်ဌေးဝင်းက ပြောပါတယ်။
“အခုမနက်ပိုင်းမှာ ကျနော်တို့ မီးသတ်ရယ်၊ ကြက်ခြေနီတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး ရောက်နေပါပြီ၊ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့ကို ပြောင်းရွှေ့ဖို့ ကူညီနေပါတယ်။ ပစ္စည်းတွေ ပြောင်းရွှေ့လိုသူတွေ ဆောင်ရွက်ပေးတယ်။ ဒီနေ့ရေက ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၂ ပေခွဲလောက် ရှိနေတယ်” လို့ ခန္တီးမြို့ မီးသတ်ဦးစီးက ပြောပါတယ်။
စာသင်ကျောင်းအချို့ကို ပိတ်ထားရသလို ခန္တီးမြို့မဈေးလည်း ရေလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ဆိုပါတယ်။ ရေးဘေးဒုက္ခသည် ၅၀ လောက် ရှိတယ်လို့ သိရပါတယ်။
အောင်ဆန်းမြင့်