DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ​ပြောင်း​လဲမှုအတွက် ထိုင်း​နိုင်ငံ တိုက်တွန်း​အား​ပေး​သင့်
DVB
·
March 9, 2012
မြန်မာနိုင်ငံ​ပြောင်း​လဲမှုအတွက် ထိုင်း​နိုင်ငံ တိုက်တွန်း​အား​ပေး​သင့်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ တိုး​တက်​ပြောင်း​လဲမှု​တွေ တကယ်ဖြစ်​ပေါ်လာဖို့​အတွက် ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​ အား​ပေး​သင့်​တယ်လို့​ ထိုင်း​သတင်း​စာဆရာ တဦး​က ​ပြောကြား​လိုက်ပါတယ်။

[caption id="attachment_22388" align="alignleft" width="300" caption="ခွန်ဆုဖလတ် (photo​ -​ Shan Youth Power Media)"][/caption]

ချင်း​မိုင်တက္ကသိုလ်မှာ မတ်လ ၈ ရက်နေ့က​ ​ပြုလုပ်ခဲ့​တဲ့​ လက်ရှိမြန်မာနိုင်ငံရဲ့​ ​ပြောင်း​လဲမှု​ များ​ အကြောင်း​ ​ဆွေး​နွေး​ပွဲမှာ ​နေး​ရှင်း​သတင်း​စာဆရာ ခွန်ဆု ဖလတ်က ​ပြောကြား​သွား​တာပါ။

“မြန်မာပြည်ရဲ့​ ​ပြောင်း​လဲမှု အကျိုး​ဆက်ဟာ ထိုင်း​နိုင်ငံ​ပေါ်မှာ အများ​ ကြီး​ သက်​ရောက်မှု ရှိပါတယ်။ --- မြန်မာပြည်တိုး​တက်ရင် ထိုင်း​- မြန်မာရဲ့​ စီး​ပွား​ရေး​လည်း​ တိုး​တက်မှာပါ။ မြန်မာပြည် တကယ် ​ပြောင်း​လဲဖို့​အတွက် အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​အား​ပေး​ဖို့​ လိုအပ်ပါတယ်။” လို့​ သူက ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​တာ​တွေ ၊​ ​ဒေါ်​အောင်ဆန်း​စု ကြည်နဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ လွတ်လွတ်လပ်လပ် မဲဆွယ်​နေတာ​တွေ၊​ မီဒီယာ လွတ်လပ်ခွင့်​တွေ၊​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ဖော် ​ဆောင်မှု​တွေ ရှိ​နေ​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကျန်​နေ​သေး​သလို တိုက်ပွဲ​တွေလည်း​ ဆက်ဖြစ်​နေ​သေး​တယ်လို့​ ​ထောက်ပြပြီး​ နိုင်ငံ​ရေး​ လွတ်လပ်ခွင့်​ သည့်​ထက် ပိုရှိသင့်​တယ်လို့​သူက ​ထောက်ပြပါတယ်။

သည်​ဆွေး​နွေး​ပွဲကို တက်​ရောက်ခဲ့​တဲ့​ ချင်း​မိုင်တက္ကသိုလ် ဗိသုကာ ပညာ ဒုတိယနှစ် ​ကျောင်း​သား​ တဦး​က​တော့​ မြန်မာအစိုး​ရသစ်ကို ​စောင့်​ကြည့်​ဖို့ ​လိုတယ်လို့​ပြောပါတယ်။

“​ဆွေး​နွေး​ပွဲ နား​ထောင်ပြီး​တော့​ နဝတ၊​ နအဖ အစိုး​ရထက်စာရင် အခု တက်လာတဲ့​ အစိုး​ရသစ်က မဆိုး​ဘူး​လို့​ ထင်ပါတယ်။ ဒါ​ပေမယ့်​ အစစ် အမှန် ​ပြောင်း​လဲတာလား​ ဒါမှမဟုတ် အာဆီယံ အကြီး​အကဲဖြစ်ချင်လို့​ ဟန်​ဆောင် ​ပြောင်း​လဲပြတာလား​ ဆိုတာ​တွေ​တော့​ ​စောင့်​ကြည့်​ရမှာပါ။"

[caption id="attachment_22389" align="alignright" width="300" caption="photo​ -​ Shan Youth Power Media"][/caption]

” မြန်မာပြည် တကယ် ​ပြောင်း​လဲရင်​တော့​ နယ်စပ်ဒုက္ခသည်​တွေ အပါ အဝင် ​ရွှေ့​ပြောင်း​အလုပ်သမား​ ပြဿနာ ဝန်ထုပ်ဝန်ပိုး​တွေ ​လျော့​သွား​မယ်။ ထိုင်း​နိုင်ငံက စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေလည်း​ မြန်မာပြည်မှာ သွား​ပြီး​ ရင်း​နှီး​ လုပ်ကိုင်နိုင်မယ်။ အလုပ်သမား​တွေလည်း​ ကိုယ့်​နိုင်ငံမှာ ကိုယ်တိုင် လုပ်ကိုင် စား​သောက်နိုင်မယ်လို့​ မြင်ပါတယ်။” လို့​ သူက ​ပြောပါတယ်။

ဒီ​ဆွေး​နွေး​ပွဲမှာ ချင်း​မိုင် ဖယပ်တက္ကသိုလ်က ​ဒေါက်တာသိန်း​ဆွေ၊​ မြန်မာ့​အ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​က ​ဒေါ်ခင်ဥမ္မာနဲ့​ ဗဟုဖွံ့​ဖြိုး​ရေး​အဖွဲ့​က ဦး​အောင်နိုင်ဦး​တို့​လည်း​ ပါဝင်ခဲ့​ပါတယ်။

ဒီ​ဆွေး​နွေး​ပွဲကို ချင်း​မိုင်တက္ကသိုလ် ​ရေရှည်ဖွံ့​ဖြိုး​ရေး​ ​ဒေသဆိုင်ရာ ဗဟို ဌာန (The Regional Center for Sustainable Development)နဲ့​ ချင်း​မိုင် အ​ခြေစိုက် မိတ်​ဆွေ​ကောင်း​ စာကြည့်​တိုက်အဖွဲ့​က ပူး​ပေါင်း​ စီစဉ်ခဲ့​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013