Monday, May 29, 2023
HomeLead Storyမြောက်ကိုရီးယားနှင့် တင်းမာမှု တိုးလာ၍ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဂျပန်အားဖြည့်

မြောက်ကိုရီးယားနှင့် တင်းမာမှု တိုးလာ၍ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဂျပန်အားဖြည့်

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ တိုးလာနေချိန်မှာ ဂျပန်အစိုးရက ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို ပိုပြီး အားဖြည့်လိုက်ပါတယ်။

ဂျပန်အစိုးရဟာ ပက်ထရီရော့ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ် (PAC-3) ပါဝင်တဲ့ တပ်ခွဲ တခွဲကို ဂျပန်နိုင်ငံ အနောက်ပိုင်းက အစိတ်အပိုင်းတွေမှာ တပ်ချလိုက်ပါတယ်.

မြောက်ကိုရီးယားက ဂူအမ်ကျွန်းအနားကိုဦးတည်ပြီး တာလတ်ပစ် ဒုံးကျည်တွေ ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်အပြီးမှာ ခုလို တပ်ချလိုက်တာပါ။

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား ရှိမနဲ နဲ့ ကိုချိ ဒေသတွေဟာ မြောက်ကိုရီးယား ဒုံးကျည် ဖြတ်ပြီး ပျံသန်းမယ့် ဂျပန်ပိုင်နက်တွေလို့ မြောက်ကိုရီးယားအစိုးရက နာမည်တပ် ပြောခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက သူ့ဘိုးဘေးတွေရဲ့ အုတ်ဂူကို လာရောက်လည်ပတ်ရင်း ဂျပန်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အစွမ်းကုန် ကာကွယ်ဖို့ လုပ်နေတယ်လို့ ပြောဆို ကတိပေးပါတယ်။

ဂျပန်မှာ ဘိုးဘေး မျိုးဆက်တွေရဲ့ ဝိညာဉ်တွေကို ကန်တော့တာဟာ ဓလေ့ထုံးစံပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယားအစိုးရတွေဟာ စကားစစ်ထိုးပွဲတွေနဲ့အတူ တင်းမာမှုတွေ နေ့တိုင်းနီးပါး တိုးလာနေပါတယ်။

တကယ်လို့ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့ရင် မတော်တဆဖြစ်စေ၊ တမင်သက်သက် ဖြစ်စေ ဂျပန်ပိုင်နက်ထဲ ဒုံးကျည် ကျရောက်မှာကို စိုးရိမ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular