Home
မြန်မာသတင်း
ကချင်ပြည်နယ်၊ နမ္မတီး တိုက်ပွဲဖြစ်ဧရိယာတွင် ရွာသားများပိတ်မိနေဆဲ
ပိုင်စိုး
·
August 12, 2017
ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်၊ ကဆုန့်ရွာမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ မနေ့က တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၁၀၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်လာကြသလို ရွာသားတချို့လည်း ပိတ်မိနေပါတယ်။ ကဆုန့်ရွာက တိမ်းရှောင်လာတဲ့ ဆရာဇော်ဖန်းက “ကလေးနဲ့ သက်ကြီးရွယ်အို အယောက် ၃၀ လောက်ကျန်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ အတိအကျက မေးနေတုန်းပဲ။ တိုက်ပွဲဖြစ်တာက ရွာလယ်က ချောင်းနားမှာ၊ သူတို့နေတာက ချောင်းရဲ့ တဖက်ကမ်းမှာ ဆိုတော့ ပြေးပေါက်မရှိဘူး ဖြစ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ တိမ်းရှောင်လာသူတွေဟာ ရွာနဲ့ ၉ မိုင်လောက်ဝေးတဲ့ လမ်းခွရွာက နှစ်ခြင်း အသင်းတော်နဲ့ ကက်သလစ်အသင်းတော် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ နောက်ဆုံးရတဲ့ စာရင်းတွေအရ နှစ်ခြင်းအသင်းတော်မှာ လူဦးရေ ၇၀၀ ဝန်းကျင်နဲ့ ကက်သလစ်အသင်းတော်မှာ လူဦးရေ ၂၀၀ ဝန်းကျင် ခိုလှုံနေရတာပါ။ “သူတို့ကို ကျွေးတာကတော့ ရွာထဲက အိမ်တွေကိုပဲ ထမင်းထုပ် ပို့ခိုင်းရတာပေါ့။ နေတာကတော့ အဆင်ပြေသလိုပဲ နေရတယ်လေ” လို့ လမ်းခွရွာ နှစ်ခြင်းခရစ်ယာန် အသင်းတော်ရဲ့ သိက္ခာတော်ရ ဆရာ လရိန်းက ပြောပါတယ်။ ဆရာမ တစ်ယောက်အပါအဝင် ရွာသားတချို့ ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေရပေမယ့် နာမည်နဲ့ အတိအကျ မပြောနိုင်သေးသလို ၄ ယောက် အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024