DVB Logo
Home
မြန်မာသတင်း
စာရင်း​အမှား​များ​ကို ပြုစုဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကိုယ်စား​လှယ်လောင်း​များ​ကို​ပြော
DVB
·
March 8, 2012
စာရင်း​အမှား​များ​ကို ပြုစုဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ကိုယ်စား​လှယ်လောင်း​များ​ကို​ပြော
Donate to DVB

ရာ​ထောင်ချီပြီး​ မှား​ယွင်း​နေတဲ့​ မဲစာရင်း​များ​ကို အမြန်ဆုံး​ပြုစုပြီး​ ပြင်ဆင်နိုင် ​အောင် တင်ပြဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စု ကြည်က ပါတီကိုယ်စား​ပြုကိုယ်စား​လှယ်​လောင်း​များ​ကို ဒီ​နေ့​တိုက်တွန်း​ ​ပြောကြား​လိုက်ပါတယ်။
ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ အဖွဲ့​ချုပ်ကိုယ် စား​လှယ်​လောင်း​တွေနဲ့​ ပထမဆုံး​တွေ့​ဆုံပွဲမှာ ​ပြောကြား​လိုက်တာ ဖြစ်ပါ တယ်။

အောင်နိုင်​ရေး​ ​ကော်မတီ တာဝန်ခံ ဦး​တင်ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ​အောင်နိုင်​ရေး​ ​ကော်မတီ အဖွဲ့​ဝင်​တွေ၊​ အဖွဲ့​ချုပ်အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ​တွေ တက်​ရောက်ခဲ့​တဲ့​ သည်​တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​ကို ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က သည်လို ​ပြောပြပါတယ်။

“အခုဆိုရင် ​နေရာ​တော်​တော်များ​များ​ကို ကျမ စည်း​ရုံး​ရေး​ခရီး​ ထွက် ခဲ့​ပြီး​ ပြီ။ အ​ခြေအ​နေ​တွေကိုလည်း​ ​တော်​တော် သိခဲ့​ရပြီ။ အကြမ်း​ဖျင်း​အား​ဖြင့်​ ပြည်သူလူထုဘက်က အင်မတန် ​ကောင်း​ပါတယ်။ လိုအပ်ချက်​တွေ ရှိ​နေတယ် ဆိုရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​တွေဘက်က ရှိတာ​တွေကိုပဲ ​တွေ့​ရတယ်။ တဖက်က ​ရွေး​ကောက်ပွဲ မသမာမှု​တွေ ဘာ​တွေ လုပ်​နေလဲဆိုတာလဲ အား​လုံး​ သိပြီး​သား​ဖြစ်တယ်။ ဒါ​တွေကလည်း​ ​ကော်မရှင်ကို ပြန်ပြီး​တော့​ တင်ပြမှာ ဖြစ် တယ်။ ကိုယ်စား​လှယ် အား​လုံး​ သတိပြုရမှာက မဲစာရင်း​တွေနဲ့​ ပတ်သက်လို့​ အမှန်အမှား​ ​သေချာ စစ်​ဆေး​ကြည့်​လိုက်တဲ့​အခါမှာ အမှား​အယွင်း​တွေက အ​တော်များ​နေတာကို ​တွေ့​ရတယ်။ ရာနဲ့​၊​ ​ထောင်နဲ့​ ချီပြီး​တော့​ မှား​ယွင်း​နေ တာ​တွေ ရှိတယ်။ ဒါ​တွေကို အမြန်ဆုံး​ ပြုစုပြီး​ ပြင်နိုင်​အောင် တင်ပြမယ်။”

တက်​ရောက်လာသူ​တွေက လက်ရှိကြုံ​တွေ့​နေရတဲ့​ မဲစာရင်း​ မှား​ယွင်း​ တာ​တွေ၊​ တရား​မဲ့​ မဲဆွယ်တဲ့​ လုပ်ရပ်​တွေ၊​ မဲမသမာမှု​တွေ ကြုံလာရင် ဥပ​ဒေ ​ကြောင်း​ အရ ဘယ်လို​ဆောင်ရွက်မလဲ ဆိုတာ​တွေကို ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။

“အစည်း​အ​ဝေး​က ​တော်​တော် အကျိုး​ရှိပါတယ်။ နယ်အသီး​သီး​မှာ ရှိ​နေ တဲ့​ အ​ခြေအ​နေမှန်ကိုလည်း​ သိရပါတယ်။ ကျ​နော်တို့​ ​ရှေ့​ဆက် ကြုံ​တွေ့​ရ မယ့်​ အခက်အခဲ​တွေကို ဘယ်လို ​ကျော်လွှား​နိုင်မလဲ ဆိုတာကို စဉ်း​စား​နိုင်ခဲ့​ တယ်။ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​အတွက် ​တော်​တော် အ​ထောက်အကူပြု တဲ့​ အစည်း​အ​ဝေး​လို့​ ​ပြောချင်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​ ၄၈ ဦး​အနက် ၄၇ ဦး​ တက်​ရောက်ခဲ့​ပြီး​ ၁ ဦး​ ပျက်ကွက်ခဲ့​ပါတယ်။ ကသာခရိုင်က အမျိုး​သား​ လွှတ် ​တော် ​နေရာအတွက် ဝင်ပြိုင်မယ့်​သူ ၁ ဦး​ကို ခရိုင်​ကော်မရှင်က ကိုယ် စား​ လှယ်​လောင်း​ အမည်စာရင်း​က​နေ ပယ်ထား​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့​ အနိုင်ရရှိခဲ့​ပေမယ့်​ အုပ်ချုပ်ခွင့်​ မရခဲ့​ ပါ ဘူး​။ ၂၀၁၀ ​ရွေး​ကောက်ပွဲကိုလည်း​ သပိတ် ​မှောက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013