Home
မြန်မာသတင်း
မိတ္ထီလာတွင် အသက်မပြည့်သူအား ခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်
DVB
·
August 12, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်မှာ သြဂုတ် ၁၁ ရက်က  အသက်၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ခိုးယူပေါင်းသင်းသူကို အမှုဖွင့်ထားတယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။ အသက် ၁၄ နှစ်ရှိ မ----ကို ပေါက်ချောင်းရပ်မှာနေတဲ့ ဝေဖြိုးအောင်က ခိုးယူပေါင်းသင်းတယ်ဆိုပြီး မိခင်ဖြစ်သူက ဒုရဲအုပ်ချစ်ဇော်ဝိုင်းက ပြောပါတယ်။ “မိခင်က တရားလိုလုပ်အမှုဖွင့်တယ်၊ ဒီနေ့မနက်အစော ၃ နာရီ အိပ်ရာအထမှာ သမီးငယ်အိပ်ရာမှာ မတွေ့ရလို့ သမီးကြီးနဲ့လိုက်လံစုံစမ်းတော့ ဝေဖြိုးအောင် ခိုးယူပေါင်းသင်းသွားတာ သိတယ်ဆိုတာ တိုင်တန်းချက်ပေးလာတယ်၊ အဲဒါကြောင့် မိဘအုပ်ထိန်းမှု မကင်းသေးတဲ့အမှုနဲ့ သွေးဆောင်ဖြားယောင်းမှု ဖွင့်တယ်” လို့ပြောပါတယ်။ မိတ္ထီလာ အမှတ် ၂ ရဲစခန်းက ဝေဖြိုးအောင်ကို အမှုအမှတ် (ပ)၂၁၁/၂၀၁၇နဲ့ မိဘအုပ်ထိန်းခြင်းမကင်း/သွေးဆောင်ဖြားယောင်းမှု ရာဇသတ်ကြီးပုဒ်မ- ၃၆၃/၃၆၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024