DVB Logo
Home
မြန်မာသတင်း
ထိုင်း​နဲ့​မြန်မာအမျိုး​သမီး​များ​ ပူး​ပေါင်း​ပြီး​ နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကျင်း​ပ
DVB
·
March 8, 2012
ထိုင်း​နဲ့​မြန်မာအမျိုး​သမီး​များ​ ပူး​ပေါင်း​ပြီး​ နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကျင်း​ပ
Donate to DVB

ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​မှာ ထိုင်း​နဲ့​မြန်မာအမျိုး​သမီး​အဖွဲ့​ပူး​ပေါင်း​ ပြီး​ သည်​နေ့​ ကျ​ရောက်တဲ့​ ၁၀၁ကြိမ်​မြောက် နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကို ကျင်း​ပခဲ့​ပါ တယ်။

[caption id="attachment_22348" align="alignleft" width="300" caption="မဲဆောက်တွင်​ နိုင်ငံတကာ​ အမျိုးသမီးများနေ့​​​ ​ကျင်းပနေစဉ်"][/caption]မဲ​ဆောက်မြို့​ပိုင်ရုံး​မှာ ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို တာ့​ခရိုင်မှူး​က တက် ​ရောက် အမှာစကား​ ​ပြောကြား​ခဲ့​ပါတယ်။

မြန်မာအမျိုး​သမီး​သမဂ္ဂရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်နိုး​နိုး​ ထက်စံက သည်လို ​ပြောပါတယ်။

“ကျမတို့​က အရမ်း​ကြီး​ကို ဝမ်း​သာတယ်။ ဘာဖြစ်လို့​လဲဆိုရင် ပထမဆုံး​ ​ခြေလှမ်း​ အဖြစ် ထိုင်း​အ​နေနဲ့​ ကျမတို့​နဲ့​ ပူး​ပေါင်း​ဆက်ဆံတာ ဆက်သွယ် လုပ်​ဆောင်တာ ဖြစ်တယ်။ တပြိုက်နက်တည်း​မှာ ဒီ​နေ့​ဟာ ပြည်တွင်း​မှာ နိုင်ငံတကာအမျိုး​သမီး​များ​နေ့​ကို ကျင်း​ပ​နေကြတယ်​ပေါ့​။ ဒါဟာ ကျမတို့​ နိုင်ငံအတွက်လည်း​ ပထမဆုံး​ အကြိမ်ဖြစ်တယ်။ အဲဒီ့​အတွက်ကိုပဲ ကျမ အရမ်း​ဝမ်း​သာတယ် ကြိုဆိုတယ်။ ဆက်ပြီး​မှလည်း​ ဒီကိစ္စ​တွေ ဖွင့်​သွား​ပေး​ပါ လို့​ ​ပြောချင်တာ​ပေါ့​။”

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာလည်း​ ထိုင်း​နဲ့​ မြန်မာ အန်ဂျီအိုများ​နဲ့​ မြန်မာ အဖွဲ့​ အစည်း​တွေ ပူး​ပေါင်း​ပြီး​ ည​နေ ၅ နာရီခွဲမှာ လမ်း​လျှောက်ချီ တက် ကြ ပါ တယ်။ ဒီချီတက်ပွဲမှာ (အမျိုး​သမီး​နဲ့​ဦး​ဆောင်မှု)ဆိုတဲ့​ အ​ကြောင်း​ အရာ ကို ​တောင်း​ဆို ထား​တယ်လို့​ သိရပါတယ်။

အမျိုး​သမီး​များ​အဖွဲ့​ချုပ်မြန်မာနိုင်ငံရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်တင် တင် ညိုက “ အမျိုး​သမီး​နဲ့​ ဦး​ဆောင်မှု ဆိုပြီး​တော့​မှ အဲဒါက​တော့​ သူတို့​ရဲ့​ အဓိက theme ​ပေါ့​။ အမျိုး​သမီး​တွေက အ​ပြောင်း​အလဲ​တွေကို ပြုလုပ် ဖန်တီး​ မယ့်​ သူ​တွေ​ပေါ့​နော်။ ဒီပုံစံမျိုး​နဲ့​တော့​ သူတို့​က ​ခေါ်ထား​တာ ရှိတယ်”လို့​ ​ပြော ပါ တယ်။

ဒီ​နေ့​ကျ​ရောက်တဲ့​ (၁၀၁) ကြိမ်​မြောက် နိုင်ငံတကာ အမျိုး​သမီး​များ​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​ကို ပထမဆုံး​အကြိမ်အဖြစ် ထား​ဝယ်မြို့​မောင်း​မ ကန် ကမ်း​ခြေမှာ ကျင်း​ပခဲ့​ကြောင်း​ ၊​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ ​စောဟာဗွီက အခမ်း​အနား​ကို ဖဲကြိုး​ဖြတ် ဖွင့်​လှစ်​ပေး​ခဲ့​ကြောင်း​၊​ ပရိသတ် ၁၅၀ ​ကျော် တက် ​ရောက်​ကြောင်း​ ထား​ဝယ်လူထုအသံ အွန်လိုင်း​စာမျက်နှာမှာ ​ရေး​သား​ ​ဖော်ပြ ထား​ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013