Thursday, June 8, 2023
HomeLead Storyနမ့်စန်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၂ ဦး ဖမ်းမိ

နမ့်စန်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၂ ဦး ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ နမ့်စန်-မိုးနဲသွား ကားလမ်းဘေးမှာ ဒီနေ့ မနက် ၁၀ နာရီလောက်က မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အမှတ် ၆ ကျေးရွာ ကျောက်ထုတ်လုပ်ရေးစခန်းမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ လက်လီရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့က သြဂုတ် ၁၀ ရက် ၁၀ နာရီလောက်က ဦးသန်းဦးရဲ့ နေအိမ်ကို ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာ WY၊ 88 နဲ့ 1 စာတန်းပါ စိတ်ကြွဆေးပြာ စုစုပေါင်း ၃၁၇ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။

အဲဒီနောက် အမှတ်(၆) ကျောက်တောင်အနီး နေအိမ်တဲဖြင့် မူးယစ်ဆေးဝါးတွေ လက်လီရောင်းချနေတယ်လို့ သတင်းအရ အဖွဲစုံဖြင့် ကျောက်တောင်အနီး မျိုးမြင့်အောင်ရဲ့ နေအိမ်တဲကို ဆက်လက်ရှာဖွေရာ WY ၊ 88 နဲ့ 1 စာတန်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၁၄၈၃ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ နမ့်စန်မြို့မရဲစခန်းက သိရပါတယ်။

နမ့်စန်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက “သတင်းရလို့ ဝင်ဖမ်းတဲ့အချိန်မှာ အခုလို ဆေးပြားတွေမိတာပါ၊ အဲဒီကျောက်တောင်တွေအနီးမှာ မနှစ်ကလည်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူတွေကို ဖမ်းဆီးအရေးယူခဲ့မှုတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးများ လက်လီရောင်းချသူ ဦသန်းဦးနဲ့ မျိုးမြင့်အောင် တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဥပဒေတွေအရ အမှုဖွင့်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular