Home
မြန်မာသတင်း
YBS ဘတ်စ်ကားများတွင် ကတ်စနစ် အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ
DVB
·
August 11, 2017
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအမျိုးမျိုးမှာ ငွေပေးချေမှုစနစ် ပိုမိုချောမွေ့စေနိုင်ဖို့အတွက် Yangon Payment Service (YPS) ကတ်စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ ပထမအဆင့် အဆိုပြုလွှာ တင်ဒါ စတင်ခေါ်ယူနေပါတယ်။ YBS ဘတ်စ်ကားတွေမှာ YPS ကတ်စနစ်နဲ့ ငွေပေးချေမှုလုပ်ငန်း ဝန်ဆောင်မှုကို လုပ်ကိုင်လိုတဲ့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့ကနေစပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာရှိတဲ့ YPS ကောင်တာရုံးခန်းမှာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။ စာရင်းပေးသွင်းထားတဲ့ ကုမ္ပဏီတွေကိုတော့ YPS ကတ်စနစ်နဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို သြဂုတ်လ ၁၅ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ရှင်းလင်းသွားရမှာပါ။ စာရင်းပေးသွင်းထားသူတွေထဲက တင်ဒါတင်သွင်းနိုင်တဲ့ ကုမ္ပဏီတွေကို အစိုးရအဖွဲ့က ရွေးချယ်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အစိုးရအဖွဲ့က သတ်မှတ်ခေါ်ယူထားတဲ့ လုပ်ငန်း ၃ ခုမှာ မိမိတို့ လျှောက်ထားလိုတဲ့ လုပ်ငန်းတွေအတွက် လုပ်ငန်းတခုစီကို ငွေကျပ် ၁ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ တင်ဒါ လျှောက်လွှာတင်သွင်းသူတွေအနေနဲ့ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ ဓာတ်ပုံ - Yangon Bus Service - YBS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024