A d v e r t i s e m e n t With Us

စစ်​ရေး​အရှိန် ​လျှော့​မယ်ဆိုတာကို ​ပြော​နေရုံနဲ့​တော့​ မရဘူး​ (​ကေအိုင်​အေ – ဗိုလ်မှူး​ချုပ် ဂွမ်​မော်)

ဗိုလ်​ချှုပ်​ ​ဂွမ်​ေမာ်​ (​ေက​အိုင်အေ)
ကေအိုင်အို ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ဒီ​နေ့​မွန်း​တည့်​ပိုင်း​မှာ စတင် ​တွေ့​ဆုံ​နေပါတယ်။ ​ကေအိုင်အို ဒု - ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_18738" align="alignleft" width="300" caption="ဗိုလ်မှူးချုပ် ဂွမ်မော် (ကေအိုင်အေ)"][/caption] ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​ ​ဆွေး​နွေး​ပွဲ စတင်တယ်လို့​ ကြား​ပါတယ်။ "ဟုတ်ပါတယ်။ ၁၂ နာရီ ၄၅ မိနစ်မှာ စပါတယ်။" အဓိက ဘာ​တွေ ​ဆွေး​နွေး​ဖြစ်ကြပါလဲ။ "ကျ​နော်တို့​ ဇန်နဝါရီ ၁၈၊​ ၁၉ မှာ တင်ပြထား​တဲ့​ ​ဆွေး​နွေး​ရေး​ အဆင့်​ ၃ ဆင့်​ တင်ပြထား​တာ ရှိပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရ ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ဘယ်လို ပြင်ဆင်လာလဲ ဆိုတာ​တော့​ မသိ​သေး​ဘူး​။ အခုမှ အစည်း​အ​ဝေး​ စ​နေတာပါ။" ပြီး​ခဲ့​တဲ့​ တ​ခေါက်တုန်း​က ​ရွှေလီမှာ ​တွေ့​ဆုံခဲ့​ကြတယ်။ အပစ်အခတ်ရပ်စဲ​ရေး​ ဆိုတဲ့​အချက်က ဘယ်​လောက်ထိ​အောင် တာသွား​ခဲ့​လဲဗျာ။ အခု ကာလအတွင်း​မှာ။ "စစ်အရှိန် ​လျှော့​ချ​ရေး​ဆိုတာ လက်​တွေ့​မှာ မလုပ်​ဆောင်နိုင်​သေး​ဘူး​။ မလုပ်နိုင်​သေး​ဘူး​ ဆိုတာက ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်​တွေက ​ဒေသ​တွေမှာ အရမ်း​ကြီး​ နီး​နီး​ကပ်ကပ် ​ရောယှက်ပြီး​နေတဲ့​ အခါမှာ ​နေပြည်​တော်က​နေပဲ ဖြစ်ဖြစ် ကျ​နော်တို့​ ဌာနချုပ်က​နေပဲ ဖြစ်ဖြစ် စစ်​ရေး​အရှိန် ​လျှော့​မယ်ဆိုတာကို ​ပြော​နေရုံနဲ့​တော့​ မရဘူး​။ တပ်​တွေက အင်မတန် နီး​နေတယ်ဆို​တော့​ ​နေ့​စဉ်နဲ့​ အမျှ တိုက်ပွဲ​တွေ ဖြစ်​နေဦး​မှာပဲ။" သမ္မတရဲ့​ တနှစ်ပြည့်​ မိန့်​ခွန်း​ကို အစိုး​ရအဖွဲ့​ ​ဆောင်ရွက်ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောရာမှာ တိုင်း​ရင်း​သား​အဖွဲ့​ ​တော်​တော်များ​များ​ လက် မှတ်ထိုး​ကြတယ်​ပေါ့​။ တချို့​ဆိုရင်လည်း​ မူအရထိုး​ကြတယ်။ ​ကေအိုင်​အေ က​တော့​ မထိုး​ဖြစ်​သေး​ဘူး​ ဆိုတာ သတိပြုမိတယ်။ အဓိကအား​ဖြင့်​ ​ကေအိုင်​အေ ကို ​ပြောတာက​တော့​ ​ကေအိုင်​အေဘက်မှာ ဖြစ်​နေတဲ့​ ​မြောက်ပိုင်း​ ကိစ္စနဲ့​ ပတ်သက်လို့​ သမ္မတက ကာကွယ်​ရေး​ဦး​စီး​ချုပ်ကို အပစ်အခတ် ရပ်စဲထား​ဖို့​ အမိန့်​ပေး​ထား​တယ်။ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ကလည်း​ ​အောက်​ခြေကို ညွှန်ကြား​ထား​တယ်။ ဒါ​ပေမယ့်​ တိုက်ပွဲ​တွေက ဆက်ဖြစ်​နေတယ် ဒီလိုဖြစ်​နေတာဟာ အဓိကအား​ဖြင့်​ အပစ်အခတ် ရပ်စဲ​ရေး​မလုပ်လို့​ ဆိုပြီး​တော့​ သမ္မတက​ပြောတယ်။ ​ကေအိုင်​အေဘက်ကလည်း​ အပစ်အခတ် ရပ်စဲ​ရေး​ဆိုတာက နိုင်ငံ​ရေး​ ​ဆွေး​ ​နွေး​ပွဲ​တွေ ပြီး​ရင် ဆက်ဖြစ်လာမယ် ​ပြော​တော့​ ဒီလို ၂မျိုး​ ဖြစ်​နေတာဟာ အခု ​ဆွေး​နွေး​ပွဲက​နေ ပြီး​တော့​ အဆင်​ပြေသွား​နိုင်လား​။ ဗိုလ်မှူး​ချုပ်တို့​ ဘယ်လိုမျိုး​ သ​ဘောထား​ရှိလဲ။ သမ္မတ ​ပြောဆိုချက်နဲ့​ ပတ်သက်လို့​ပေါ့​။ “ကျ​နော်တို့​ သ​ဘောထား​က​တော့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​နဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​မှုဆိုတဲ့​ လုပ်ငန်း​စဉ်ကို တပြိုင်နက် လုပ်သွား​ဖို့​ လိုပါတယ်။ အခု ​လော ​လောဆယ် ဖြစ်​နေတာက​တော့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​ စာချုပ် ချုပ်ဆိုထား​ တဲ့​ အချိန်၊​ ဒီကာလဟာ ​နောင် ​ရေရှည် ငြိမ်း​ချမ်း​ရေး​အတွက် ပြင်ဆင်တဲ့​အချိန် မဟုတ်ဘဲနဲ့​ ​နောက် ဖြစ်လာမယ့်​ စစ်ပွဲ​တွေအတွက် ပြင် ဆင်တဲ့​အချိန် အ​နေနဲ့​ ဖြတ်သန်း​ခဲ့​ကြတဲ့​ အ​တွေ့​အကြုံ​တွေ ရှိတယ်။ အခုက ​ကေအိုင်အိုကို အပစ် အခတ် ရပ်စဲ​ရေး​ စာချုပ် ချုပ်ဖို့​ ငြင်း​ဆန်​နေ တယ်လို့​ တချို့​က ​ပြောတယ်။ ၉၄ မှာ ကျ​နော်တို့​က အပစ်အခတ် ရပ်ဆိုင်း​ရေး​ စာချုပ် ချုပ်တယ်။ ၂၀၀၄ မှာ အမျိုး​သား​ညီလာခံကို တက်ခဲ့​တယ်။ အ​ခြေခံဥပ​ဒေ ဖြစ်လာဖို့​အတွက် လုပ်ငန်း​ စဉ်​တွေမှာ ပါဝင် ​ဆောင်ရွက်ခဲ့​တယ်။ ​နောက် ပြည်သူ့​ဆန္ဒခံယူပွဲကို ကျ​နော်တို့​ ​ကေအိုင်အိုဌာနချုပ် ဖြစ်တဲ့​ လိုင်ဇာမှာ ကျင်း​ပခွင့်​ပေး​ခဲ့​တယ်။ ​ရွေး​ကောက်ပွဲအချိန်မှာ ​ရွေး​ကောက်ပွဲကို အ​နှောင့်​အယှက်​ပေး​မှာ မဟုတ်ဘူး​။ ကျ​နော်တို့​ ​ကေအိုင်အို ​ဒေသမှာရှိတဲ့​ ပြည်သူလူထုများ​ကိုလည်း​ မိမိဆန္ဒအ​လျှောက် ပါဝင်ဖို့​ တိုက်တွန်း​ခဲ့​တယ်။ ​နောက် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​မှာ ​နေထိုင်ကြတဲ့​ ကချင်လူမျိုး​များ​ ပြည်နယ် သား​ များ​ကို ကိုယ်စား​ပြုနိုင်ဖို့​အတွက် ပါတီတခု ရှိသင့်​တယ်။ ​ရွေး​ကောက်ပွဲ ဝင် သင့်​တယ် ဆိုတဲ့​ အယူအဆအရ ကျ​နော်တို့​က ​ဒေါက်တာတူး​ဂျာ ဦး​စီး​တဲ့​ အဖွဲ့​ဝင် ၆ ​ယောက်ကို ​ကေအိုင်အိုက​နေ နှုတ်ထွက်ဖို့​ ခွင့်​ပေး​ပြီး​တော့​ ပါတီ ထူ​ထောင်နိုင်ဖို့​အတွက် အား​ပေး​ခဲ့​တယ်။ အဲဒီ​တော့​ ကျ​နော်တို့​က လုပ်ငန်း​စဉ် တ​လျှောက်လုံး​မှာ နဝတ၊​ နအဖက​နေ ချမှတ်ခဲ့​တဲ့​ ရဆင့်​မှာ ​ကေအိုင်အိုက နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ အ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ ဖြစ်ဖို့​ အ​ရေး​ကြီး​တဲ့​ အဆင့်​တွေမှာ ပါဝင် ပူး​ပေါင်း​ ​ဆောင်ရွက်ခဲ့​တာပါ။ အဲဒီ့​လို ဖြစ်​နေတုန်း​မှာပဲ ငြိမ်း​ချမ်း​ရေး​ ပျက်ပြီး​တော့​ တိုက်ပွဲ​တွေ ဖြစ်ခဲ့​ရတာပါ။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ကို အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ် မထိုး​ဘူး​ လို့​ ​ပြော​နေတာက​တော့​ လွန်ခဲ့​တဲ့​ အ​ခြေအ​နေကို ​မေ့​ချင်ဟန်​ဆောင်တဲ့​ စကား​ လည်း​ ဖြစ်လာနိုင်တယ်။ အရင်တုန်း​က အပစ်အခတ် ရပ်စဲ​ရေး​ လုပ်ပြီး​တော့​ လုပ်ငန်း​ စဉ်​တွေမှာ အ​ရေး​ကြီး​တဲ့​ အခန်း​ကဏ္ဍ​တွေကို အ​ကောင်အထည် ​ဖော် ခဲ့​ တယ် ဆိုတာကိုလည်း​ ​ပြောဖို့​သင့်​တယ်။ ​နောက်တခု အ​ရေး​ကြီး​တာ​တော့​ အခု ကျ​နော်တို့​ ​ပြော​နေတာက​တော့​ တခါပြန်ပြီး​ အပစ်အခတ် ရပ်စဲ​ရေး​ လုပ် တဲ့​ အခါမှာ ခိုင်ခိုင်မာမာ ဖြစ်ဖို့​ လိုတယ်။ ​နောင်ဖြစ်လာမယ့်​ စစ်ပွဲအတွက် ပြင်ဆင်တဲ့​အချိန် မဟုတ်ပဲနဲ့​ ​ရေရှည်တည်တံ့​ ခိုင်မြဲတဲ့​ ထာဝရ ငြိမ်း​ချမ်း​ရေး​ အတွက် ပြင်ဆင်နိုင်တဲ့​ အချိန်ဖြစ်ဖို့​ လိုတယ်။ ဒါ​ကြောင့်​မို့​ ဒီသ​ဘောတူညီ ချက် က ခိုင်မာရမယ်။ အဲဒီ​တော့​ ကျ​နော်တို့​ ​ပြောချင်တာက တိုက်ပွဲ​တွေကို ရပ်ပါလို့​ ​ပြော​နေယုံနဲ့​ မပြီး​ဘူး​။ ​ရှေ့​တန်း​မှာ ဖြစ်​နေတဲ့​ တိုက်ပွဲ အ​ခြေအ​နေနဲ့​ စစ်တပ်​တွေကို ဘယ်လို ဖယ်ရှား​ရမလဲ။ ဘယ်လို သ​ဘောတူကြမလဲဆိုတာ လုပ်ပြီး​တော့​ ခိုင်ခိုင်မာမာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူစာချုပ်နဲ့​ နိုင်ငံ ​ရေး​ ​ဆွေး​နွေး​မှု​တွေကို တပြိုင်ထဲလုပ်သွား​ဖို့​ လိုတယ်လို့​ ​ပြောချင်ပါတယ်။” အခု ဒီအစိုး​ရဘက်က​နေ ​ပြောတာက နိုင်ငံ​ရေး​အရ​ရော၊​ စစ်​ရေး​အရ​ရော အင်အား​ကြီး​ ဆိုလို့​ရှိရင် ​ကေအိုင်အို တဖွဲ့​တည်း​ပဲ ကျန်​တော့​တယ်၊​ ဒီတဖွဲ့​ က လည်း​ ​နောက်လာမယ့်​ ၃ လ ​လောက်အတွင်း​မှာ အပစ်အခတ် ရပ်စဲ​ရေး​ လက် မှတ် ထိုး​နိုင်မှာပါလို့​ ပြည်ပကို ​ပြောတာရှိတယ်။ တဆက်တည်း​မှာပဲ ထာဝရ ငြိမ်း​ချမ်း​ရေး​ ဆိုပြီး​တော့​ အစိုး​ရက ​ပြောတယ်။ အခု အပစ်ခတ်ရပ်စဲ​ရေး​ မူ အား​ဖြင့်​ လက်မှတ်ထိုး​ထား​တဲ့​ ရှမ်း​တို့​ တခြား​တို့​ဘက်မှာ ​သေနက်ပြန်​ဖောက် တာ ကြား​ရတယ်ဆို​တော့​ ​ကေအိုင်အို ဒု-စစ်ဦး​စီး​ချုပ် တ​ယောက် အ​နေနဲ့​ ထာဝရ ငြိမ်း​ချမ်း​ရေး​ဆိုတဲ့​ စကား​လုံး​နဲ့​ လက်​တွေ့​နယ်ပယ်မှာ ဖြစ်​နေတဲ့​ ဟာ ​တွေက​လေ ဘာ​တွေ ဖြည့်​ဆည်း​ဖို့​ လိုတယ်လို့​ ဗိုလ်မှူး​ချုပ်ဂွမ်​မော် ​ထောက်ပြ ချင်လဲ။ “အဓိကက​တော့​ ကျ​နော်တို့​ အရင် အုပ်ချုပ်မှု ယန္တရား​တွေရဲ့​ အား​နည်း​ ချက်ဟာ အခုထက်ထိ အရိပ်လို ပါလာတာ ဖြစ်မယ်။ ​နောက်တခုက​တော့​ အ​ခြေခံဥပ​ဒေအရ အာဏာခွဲ​ဝေ​ရေး​ အပိုင်း​ကို လက်​တွေ့​ကျင့်​သုံး​တဲ့​ ​နေရာမှာ တချို့​ဟာ​တွေ မ​အောင်မမြင် ဖြစ်နိုင်တယ်လို့​ သုံး​သပ်ပါတယ်။ ကျ​နော်တို့​ဘက်က​တော့​ ခုနက ​ပြောသလို ထာဝရတည်တံ့​ခိုင်မြဲတဲ့​ ငြိမ်း​ချမ်း​ ​ရေး​ ရရှိနိုင်ဖို့​အတွက် အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်နဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲကို ပြုလုပ်နိုင်ဖို့​ စာချုပ်​တွေ၊​ သ​ဘောတူညီချက်​တွေ လုပ်ဖို့​အတွက် ဘယ်လိုပုံစံ လုပ်မယ်၊​ ဘယ်လို သ​ဘောတူညီမှုနဲ့​ ချုပ်ဆိုကြမယ် ဆိုတာကို ကျ​နော်တို့​က ဇန်နဝါရီ ၁၈၊​ ၁၉ အစည်း​အ​ဝေး​မှာ နိုင်ငံ​တော်အစိုး​ရ ကိုယ်စား​ လှယ် ဦး​အောင်​သောင်း​တို့​ဆီကို ​ပေး​ထား​ပြီး​ ဖြစ်ပါတယ်။ အဲဒီ​တော့​ ဒီ​နေ့​ အစည်း​အ​ဝေး​တွေမှာ ဒီကိစ္စ ​ဆွေး​နွေး​နိုင်လိမ့်​မယ်လို့​ ကျ​နော် ​မျှော်လင့်​ ထား​ တာ ဖြစ်ပါတယ်။” ​ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ကချင်ပြည်နယ် စည်း​ရုံး​ရေး​ ခရီး​စဉ်မှာ ကျန်တဲ့​ တိုင်း​နဲ့​ ပြည်နယ် အသီး​သီး​နဲ့​ မတူဘဲနဲ့​ တနာရီ​ကျော် ​လောက် စကား​ပြောတယ်။ ​နောက်ပြီး​တော့​ ပင်လုံစိတ်ဓာတ် ဆိုတဲ့​ဟာကို အဓိက ​စောင်း​ပေး​ပြီး​တော့​ ​ပြောတယ်။ အဓိကအား​ဖြင့်​ မျိုး​ဆက်အသစ် ​တွေကို​ပေါ့​။ ပင်လုံစိတ်ဓာတ်နဲ့​ ပတ်သက်ပြီး​ လက်ဆင့်​ကမ်း​ကြပါလို့​ ​ပြောတယ်။ ​ကေအိုင်အိုကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​ကို ကြား​ပြီး​တော့​ ​လေ့​လာလိမ့်​မယ် ထင်တယ်။ ဒီမိန့်​ခွန်း​နဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုရဲ့​ ရပ်တည်ချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော​နေတဲ့​ ရည်ရွယ်ချက်​တွေနဲ့​လေ ဘယ်ဟာ​တွေမှာ တူညီပြီး​ ဘယ်ဟာ​တွေမှာ ကွာခြား​နေလဲဆိုတာ ​ပြောပြပါလား​။ “​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​နဲ့​ ပတ်သက်ပြီး​ ကျ​နော်တို့​လည်း​ အား​ရ ပါတယ်။ တကယ် လက်​တွေ့​ပိုင်း​ကို အဓိကထား​ပြီး​ ​ပြောသွား​တာ ဖြစ်တယ်လို့​ မြင်ပါတယ်။ အဲဒီ​တော့​ ​ဖြေရှင်း​ရမယ့်​ အပိုင်း​တွေကို ဘယ်လို လုပ်မလဲဆိုတဲ့​ လမ်း​ညွှန်​တွေကို ဒီမိန့်​ခွန်း​က​နေတဆင့်​ ကျ​နော်တို့​ လမ်း​ကြောင်း​ တခု ရှာ​ဖွေ နိုင်လိမ့်​မယ်လို့​ ​မျှော်လင့်​ပါတယ်။ ဒါ ကျ​နော်တို့​ရဲ့​ သ​ဘောထား​ပါ။” အခုလက်​တွေ့​မှာက​တော့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နဲ့​ ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ ​ရွှေလီမှာ ၈ ရက်က​နေ ၁၀ ရက်ထိ ၃ ရက်ကြာ ​တွေ့​ကြမှာ​ပေါ့​။ “ဟုတ်ပါတယ်။ ​ရွှေလီမှာ အခုစ​နေပါပြီ။ ဘယ်နှရက်ကြာမယ် ဆိုတာ က​တော့​ မသိ​သေး​ဘူး​ခင်ဗျာ။ ကျ​နော်တို့​ အခု ၁၂ နာရီ ၄၅ မိနစ်က​နေ စပြီး​မှ အစည်း​အ​ဝေး​တွေ စတင်​နေပါပြီ။” ဒီပွဲမှာ ဗိုလ်မှူး​ချုပ်​ရော တက်မယ် မဟုတ်လား​။ “ကျ​နော် မတက်ဘူး​။ ကျ​နော်တို့​ ကိုယ်စား​လှယ်အဖွဲ့​ ၆ ဦး​ ​ရွေး​ထား​တာ ရှိပါတယ်။ အဲဒီကိုယ်စား​လှယ်အဖွဲ့​တွေ အခု အစည်း​အ​ဝေး​ လုပ်​နေကြ ပါ တယ်။” အစိုး​ရဘက်က ဦး​အောင်​သောင်း​တို့​ တက်လား​။ “ဦး​အောင်​သောင်း​ ​ခေါင်း​ဆောင်ပြီး​ တက်ပါတယ်။” ​ကေအိုင်အိုဘက်က ဘယ်သူ​ခေါင်း​ဆောင်ပါလဲ။ “ကျ​နော်တို့​ဆီက ဦး​ဆွန်လွတ်ကမ် ဖြစ်ပါတယ် ပညာ​ရေး​ဌာနက တာဝန်ခံဖြစ်ပြီး​တော့​ အမြဲတမ်း​ ဗဟို​ကော်မတီဝင် ဖြစ်ပါတယ်။” ဒီ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ဗိုလ်မှူး​ချုပ် ဘာကို ​မျှော်လင့်​လဲ။ ဘယ်​လောက် ကြာကြာ​ပေါ့​။ ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ ဘယ်​လောက် ထိ​အောင် ​မျှော်လင့်​လဲ ​ကေအိုင်အို ဘက်က​နေ​လေ။ “​ကေအိုင်အိုက​နေ ​မျှော်လင့်​တာက​တော့​ နိုင်ငံ​ရေး​အရ ဆက်လက်ပြီး​ ​ဆွေး​နွေး​နိုင်တဲ့​ အစည်း​အ​ဝေး​တွေ လုပ်ပြီး​တော့​ ထာဝရတည်တံ့​ခိုင်မြဲတဲ့​ ငြိမ်း​ချမ်း​ရေး​လမ်း​ကြောင်း​ပေါ် ​ရောက်ဖို့​အတွက် ​မျှော်လင့်​ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up