ထောက်ဒဏ်တသက်တကျွန်း ကျခံနေရသည့် ကနေဒါသင်းအုပ်ဆရာကို မြောက်ကိုရီးယား ပြန်လွှတ်

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားနိုင်ငံဟာ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ ကနေဒါနိုင်ငံသား သင်းအုပ်ဆရာတဦးကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သြဂုတ် ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ သင်းအုပ်ဆရာ ဟယ်ယွန်ဆူးလင်ဟာ ကနေဒါနိုင်ငံရှိ အကြီးဆုံး ဘုရားကျောင်းတခုမှာ အမှုထမ်းခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက သူ့ကို အစိုးရဖြုတ်ချဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တာပါ။ သြဂုတ် ၈ ရက်နေ့က ကနေဒါနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး သင်းအုပ်ဆရာ ဟယ်ယွန်ဆူးလင်ရဲ့အမှုကို ဆွေးနွေးခဲ့တယ်လို့ ကနေဒါ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ သင်းအုပ်ဆရာ ဟယ်ယွန်ဆူးလင်ကို သူ့ရဲ့ ဘုရားကျောင်း အဖွဲ့ဝင်တွေက အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up