Sunday, June 11, 2023
HomeLead Storyယခုနှစ် ဆန်တင်ပို့မှု တန်ချိန် ၂ သန်းကျော်ဖြင့် စံချိန်တင်နိုင်

ယခုနှစ် ဆန်တင်ပို့မှု တန်ချိန် ၂ သန်းကျော်ဖြင့် စံချိန်တင်နိုင်

အခုနှစ်ဆန်တင်ပို့မှုဟာ တန်ချိန် နှစ်သန်းကျော်နဲ့ စံချိန်တင်နိုင်မယ့် အခြေအနေကို ရောက်ရှိနေတယ်လို့ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

ဆန်တန်ချိန် ရှစ်သိန်းခြောက်သောင်းကျော်ကို အခုဘဏ္ဍာနှစ်လေးလအတွင်း တင်ပို့ထားနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ပြောပါတယ်။

အရင်ဘဏ္ဍာနှစ်က တနှစ်လုံးမှာ ဆန်တန်ချိန် တစ်သိန်းခုနှစ်သောင်းကျော်လောက် တင်ပို့ထားတာကြောင့် အခုနှစ် ဆန်တင်ပို့မှုဟာ လေးလအတွင်း အရင်နှစ်ရဲ့ ထက်ဝက်လောက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

နယ်စပ်ရော၊ ပင်လယ်ရေကြောင်းကပါ တင်ပို့ခဲ့တာဖြစ်ပြီး တန်ဖိုး အနေနဲ့ ဒေါ်လာသန်းပေါင်း နှစ်သိန်းခွဲကျော် ရရှိထားပါတယ်။ နယ်စပ်ကနေ တရုတ်ပြည်ဘက်ကို ဆန်တင်ပို့မှုက ကျဆင်းနေပေမယ့် ပင်လယ်ရေကြောင်းက တင်ပို့မှုကတော့ မြင့်တက်နေတာပါ။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ဆန်တန်ချိန် တစ်သန်းရှစ်သိန်းကျော်နဲ့ ဆယ်နှစ်အတွင်းအများဆုံး ရပ်တည်နေပြီး အခုနှစ်မှာ ဆန်တန်ချိန် နှစ်သန်းကျော်လောက်တင်ပို့နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဆန်စပါးအဖွဲ့ချုပ် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular