Home
မြန်မာသတင်း
၅ တန်းကျောင်းသူအား မဖွယ်မရာပြုလုပ် မီးရှို့သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
August 10, 2017
မွန်ပြည်နယ်၊ ရေးမြို့ ကျောင်းရွာကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာ ခြံတခြံမှာ ဇူလိုင် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူအား မဖွယ်မရာ ပြုလုပ်၊ ခြိမ်းခြောက်ပြောဆိုပြီး ဓာတ်ဆီလောင်းမီးရှို့ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီးမိခဲ့ပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူကို မဖွယ်မရာ ပြုလုပ်ပြီး ဓာတ်ဆီလောင်း မီးရှို့ ထွက်ပြေးတိမ်းရှောင်နေသူ မျိုးမြင့်ဦး (ခ) မြင့်ဦး နေအိမ်မှာ ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သြဂုတ် ၉ ရက် ညနေ ၄ နာရီခွဲမှာ ဖမ်းဆီးခဲ့ပြီး အမြန်တရားစွဲတင်ပို့သွားဖို့ ဆိုပါတယ်။ မျိုးမြင့်ဦးမှာ ၁၃နှစ်အရွယ် ၅ တန်းကျောင်းသူကို မဖွယ်မရာပြုလုပ်ပြီး ခြိမ်းခြောက် ပြောဆိုကာ ဓာတ်ဆီလောင်းမီးရှို့ရာမှ ကျောင်းရွာတိုက်နယ်ဆေးရုံကနေ မော်လမြိုင် ဆေးရုံကို လွှဲပြောင်းကုသနေစဉ်မှာ ဇူလိုင် ၃၀ ရက်နေ့က သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူက ဥပဒေအရ အရေးယူပေးပါဖို့ တိုင်တန်းမှုပြုလုပ်ပြီး ရေးမြို့မရဲစခန်းက မျိုးမြင့်ဦး(ခ) မြင့်ဦးကို ရာဇာသတ်ကြီးပုဒ်မ-၃၀၂/၃၅၄/၅၀၆ သို့ ဇူလိုင် ၃၀ ရက်က အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024