DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးပွဲပြန်စ
DVB
·
March 8, 2012
ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးပွဲပြန်စ
Donate to DVB

မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)တို့ ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးမှုကို သည်နေ့ စတင်လိုက်ပါတယ်။

[caption id="attachment_22318" align="alignleft" width="300" caption="ကေအိုင်အိုနဲ့အစိုးရ ရွှေလီမြို့ တွေ့ဆုံပွဲ"][/caption]

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကေအိုင်အို ဒု- စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က သည်လို ပြောပါတယ်။

“၁၂ နာရီ ၄၅ မိနစ်မှာ စနေတာပါ။ လောလောဆယ်တော့ ဇန်န၀ါရီ ၁၈၊ ၁၉ မှာ ကျနော်တို့ တင်ပြထားတဲ့ ဆွေးနွေးရေး အဆင့် ၃ ဆင့် ကိစ္စကို ဆွေး နွေးဖို့ ရှိပါတယ်။ အစိုးရကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုမျိုး ပြင်ဆင် လာသလဲ ဆိုတာ မသိရသေး ပါဘူး။ အခုမှ အစည်းအဝေးက စတာ။”

ကေအိုင်အိုက အစိုးရထံတင်ပြတဲ့ အပိုင်းသုံးပိုင်းထဲက ပထမပိုင်းမှာ အချက်ရှစ်ချက် ပါရှိပြီး တဖက်နဲ့ တဖက် စွပ်စွဲ ပုတ်ခတ်တာတွေ ရှောင်ကြဉ်ဖို့ ၊ ပြဿနာဖြစ်နိုင်တဲ့ တပ်တွေ ကိစ္စကို ဆွေးနွေးပြီး ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ သည်သတင်းကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်ပေးဖို့ အချက်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဒုတိယပိုင်းမှာ အချက် ၅ ချက် ပါဝင်ပြီး ပင်လုံညီလာခံလို ညီလာခံကြီး တခု ကျင်းပဖို့နဲ့  ဒီညီလာခံမှာ အစိုးရရော၊ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးကပါ သဘောတူညီချက် တရပ်ကို ရရှိအောင် ဆောင်ရွက်ဖို့  အချက်တွေ ပါတယ်လို့ သူက ပြောပါတယ်။

တတိယပိုင်းမှာတော့ ရရှိထားတဲ့ သဘောတူညီချက်တွေကို နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင် တာဝန်ရှိသူများက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အချက်တွေ ပါတယ်လို့ သူကပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဇန်န၀ါရီ ၁၈ နဲ့ ၁၉  ကလည်း အလားတူ တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန် ထိန်းသိမ်းသွားနိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ပြဿနာ ဖြစ်ပွားနိုင်ခြေရှိတဲ့ ဒေသတွေမှာ နှစ်ဘက် တပ်တွေရဲ့ ကိစ္စကို ညှိနှိုင်းဆောင်ရွက်ကြဖို့ ၊ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အများပြည်သူ သိအောင် မှန်ကန်တဲ့ သတင်းတွေ ထုတ်ပြန်ဖို့၊ နိုင်ငံ ရေး နည်းလမ်းနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြဖို့ သဘောတူခဲ့ကြ ပါတယ်။

အစိုးရနဲ့ ကေအိုင်အိုအကြား ၁၉၉၄ တုန်းက အပစ်အခတ်ရပ်ခဲ့ဖူးပေမယ့် အရင်န၀တ၊ နအဖအစိုးရက နယ်ခြားစောင့်တပ် ပြောင်းခိုင်း တာနဲ့ လက်နက်ချခိုင်းတာကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်အထိ ဆက်တိုက်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013